တရုတ်အစိုးရက ထိန်းချုပ်မှု ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေခြင်းကြောင့် ဂိမ်းကုမ္ပဏီများ ဒေါ်လာ ၆၀ ဘီလျံကျော် အရှုံးပေါ်

တရုတ်အစိုးရက ထိန်းချုပ်မှု ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေခြင်းကြောင့် ဂိမ်းကုမ္ပဏီများ ဒေါ်လာ ၆၀ ဘီလျံကျော် အရှုံးပေါ်

တရုတ်အစိုးရက ကမ္ဘာ့အကြီးဆုံး ဂိမ်းလုပ်ငန်းအပေါ် ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေသောကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်လာကာ တရုတ်နိုင်ငံမှ Tencent Holdings Ltd. နည်းပညာကုမ္ပဏီနှင့် Netease Inc. ကုမ္ပဏီတို့ ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

အစိုးရ၏ စည်းကမ်းထိန်းချုပ်ရေးအရာရှိများက ဂိမ်းလုပ်ငန်းမှ အမှုဆောင်အရာရှိများအား စက်တင်ဘာ ၉ ရက်က အစည်းအဝေးခေါ်ယူကာ ၎င်းတို့၏ အကျိုးစီးပွားကိုသာမကြည့်ဘဲ ကလေးငယ်များ ဂိမ်းမစွဲစေရန် ကာကွယ်ရန် လမ်းညွှန်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်အစိုးရအနေဖြင့်လည်း အွန်လိုင်းဂိမ်းသစ်များအားလုံးကို ခွင့်ပြုချက်ပေးခြင်းအား လျှော့ချသွားမည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း South China Morning Post သတင်းဌာနက စက်တင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

ဂိမ်းလုပ်ငန်းများအား ခွင့်ပြုပေးခြင်းကို အစိုးရက ရပ်ဆိုင်းထားသည်ဟု ရေးသားခဲ့သည့် ယခင်သတင်းကိုလည်း အဆိုပါသတင်းဌာနက ပြင်ဆင်ဖော်ပြခဲ့သဖြင့် အမေရိကန်စတော့ရှယ်ယာဈေးကွက် ADR တွင် Tencent ၏ ဆုံးရှုံးမှုသည် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းပြီးနောက် ၂ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိသွားသလို Netease အင်တာနက်ကုမ္ပဏီ၏ ADR တွင် ကျဆင်းမှုမှာလည်း ၆ ဒသမ ၉ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ ပြန်လည် ရောက်ရှိခဲ့သည်။

အွန်လိုင်းရောင်းဝယ်ရေး၊ လူမှုမီဒီယာစသည့် လုပ်ငန်းများကို တင်းကျပ်စွာထိန်းချုပ်ရန် အစိုးရက ယခင်လများကပင် လုပ်ဆောင်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများကလည်း လက်ရှောင်လာကြသည်။ လုပ်ငန်းခွင့်ပြုချက်များအား ရပ်ဆိုင်းထားခြင်းကို ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ခြင်းမရှိပေ။

သမ္မတရှီကျင့်ဖျင်၏ အစိုးရသည် လူငယ်များအကြား ဂိမ်းစွဲမှုကို ထိန်းချုပ်ခြင်း၊ အွန်လိုင်းနှင့် သက်ဆိုင်သည့် ပစ္စည်းများအပေါ်အသုံးစရိတ်မြင့်တက်လာမှုကို လျှော့ချခြင်းနှင့် လူငယ်များအား အလုပ်အားချိန်ကို ပိုမိုအကျိုးရှိစွာ အသုံးချရန် တွန်းအားပေးခြင်းများကို တစ်ပြိုင်တည်း လှုံ့ဆော် ဆောင်ရွက်လျှက်ရှိသည်။

ကလေးများ တစ်ပတ်လျှင် ၃ နာရီသာ ဗွီဒီယို ကြည့်ရန် အချိန်ကန့်သတ်ခြင်းအပါအင် ဂိမ်းစီးပွားရေးတွင် ပြီးခဲ့သည့် သီတင်းပတ်အတွ်းက စည်းမျဉ်းသစ်များ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly