ဆင်မလိုက် လူကူးတံတားအောက်ရှိ ယာဉ်ထိန်းရဲ ရုံးဗုံးပေါက်

ဆင်မလိုက် လူကူးတံတားအောက်ရှိ ယာဉ်ထိန်းရဲ ရုံးဗုံးပေါက်

စက်တင်ဘာ ၁၁

ကမာရွတ်မြို့နယ်၊ ဆင်မလိုက်လမ်းဆုံ၊ လူကူးတံတားအောက်၊ သုံးမြောင့်တြိဂံနေရာနားရှိ ယာဉ်ထိန်းရဲရုံးတွင် စက်တင်ဘာ ၁၂ ရက် မနက် ၆ နာရီ မိနစ် ၃၀ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရသည်။

" ပေါက်ပြီး နာရီဝက်အကြာမှာ စခန်းကရဲတချို့နဲ့ ယာဉ်ထိန်းရဲ တချို့က အဲဒီနားမှာပဲရှိသေးတယ်။ နောက်မှ ကားတွေရောက်ချလာပြီး လမ်းပိတ်စစ်ဆေးတာတွေလုပ်ကြတယ် ။ အထိအခိုက်တော့ရှိမယ်လို့မထင်ဘူး " ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။

နံနက် ၇နာရီ ဝန်းကျင်မှစ၍ ကမာရွတ်ရဲစခန်းရှေ့တွင် စစ်Double Cabကား သုံးစီး၊ Grand Hantha ဆေးရုံရှေ့နားတွင် ရဲကားအကြီးတစ်စီးကန့်လန့်ဖြတ် ပိတ်ရပ်ထားသည်။

ထို့နောက် နာနတ်တောတံတားဘက်သို့ အသွားလမ်းနှင့် လှည်းတန်းဘက်အသွား၊အပြန်ရှိရာ ၁၆ပေ ဂုံးအဆင်းလမ်းမတို့ကို ပိတ်ထားပြီး အင်အား၃၀ခန့်ဖြင့် အစစ်အဆေးများပြုလုပ်ကြသည်။

နံနက် ၇နာရီ ၅၀မိနစ်ဝန်းကျင်တွင် ပိတ်ထားသောလမ်းများပြန်လည်ဖွင့်ပေးပြီး ရဲကားအကြီးတစ်စီးက နာနတ်တောလမ်းဘက်၊ စစ် Double Cabကား တစ်စီးက လှည်းတန်းလမ်းမဘက်သို့ အသီးသီးပြန်လည်ထွက်ခွာသွားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly