ဆောမြို့နယ်ထဲတိုက်ပွဲ လက်နက်ကြီးပစ်ကူပေးသူ စစ်ကောင်စီတပ် ၅ဦးသေ

ဆောမြို့နယ်ထဲတိုက်ပွဲ လက်နက်ကြီးပစ်ကူပေးသူ စစ်ကောင်စီတပ် ၅ဦးသေ

စက်တင်ဘာ - ၁၂

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲက ကံချောင်းမှာယမန်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှလက်နက်ကြီးပစ်ကူပေးသူ ငါးဦးကျဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်များကို CDFs ၊ယော၊ဆော (PDF) ပူးပေါင်းအဖွဲ့တို့ကဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

''စစ်ကောင်စီဘက်က ၆၀ မမ အချက်ပေါင်း ၁၀၀ ကျော် ၊ ၄၀ မမ အချက်၂၀၀ ကျော်အထိ အဆက်မပြတ် ပစ်ခတ်ခဲ့ပေမယ့်ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေ မှာ ထိခိုက်ကျဆုံး မရှိဘူး၊တိုက်ပွဲ ကလည်းပိုမိုပြင်းထန်လာနိုင်တယ်လို့ ''CDF မင်းတပ် တောင်ပိုင်း စစ်ဗျူဟာမှူးက ပြောသည်။

မကွေးတိုင်းဒေသကြီးဆောမြို့နယ်ထဲမှာ ရှိသည့် စစ်ကောင်စီတပ်များနှင့် CDF (မင်းတပ်)၊CDF (ကန်ပက်လက် )၊PDF (ယော)နှင့်PDF (ဆော)ပူးပေါင်းထားတဲ့အဖွဲ့များနေ့စဉ်တိုက်ပွဲထိတွေ့မှုများလည်းရှိနေပြီးစကစတပ်မှ စစ်ကားကိုးစီးအထိုင်ချထားသဖြင့်တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly