သာစည်လေးကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ဦး၏ အသက်ကိုအာမ မခံဟု DKDFဆို

11 September 2021
သာစည်လေးကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ဦး၏ အသက်ကိုအာမ မခံဟု DKDFဆို

စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ကျောက်ဆည်မြို့ အရှေ့ဘက် ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ငန်းများကိုကူညီဆောင်ရွက်ပေးနေသည်ဟု ဒေသခံများကသတ်မှတ်ထားသည့် သာစည်လေး ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ခင်မောင်တင်တင့် အပါအဝင်အမျိုးသားသုံးဦး၏ အသက်ကို အာမ မခံဟု Dragon Kyaukse Defence Force- DKDF အဖွဲ့က ဆိုသည်။

"မင်းတို့အသက်ကိုနှ‌မြောရင် စစ်ကောင်စီခိုင်းတဲ့ကိစ္စတွေကို ရွာတွင်း အဓမ္မလုပ်ခိုင်းတာကိုချက်ချင်းရပ်တန်းကရပ်ပါ။ အဲလိုမှမဟုတ်ဘူးဆို မင်းတို့အသက်ကို ရက်တိုတိုနဲ့လာနှုတ်ပေးရလိမ့်မယ် " ဟု Dragon Kyaukse Defence Force- DKDF အဖွဲ့က ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ အိမ်ထောင်စုဇယားများနှင့် မှတ်ပုံတင်များကို အုပ်ချုပ်ရေးမှူး ခင်မောင်တင်တင့် ၊ ထွန်းဦး နှင့် မြင့်နိုင်မင်း တို့အဖွဲ့အား ကောက်ခိုင်း‌စေခဲ့ပြီး ခင်မောင်တင်တင့်တို့အဖွဲ့အနေဖြင့် ရွာအတွင်းသို့ လော်စပီကာကို အသုံးပြုကာ ခြိမ်းခြောက်စကားများဆိုကာ အတင်းအကျပ် စေခိုင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

" သူတို့က ရွာထဲမှာ လော်စပီကာ နဲ့ခြိမ်းခြောက်မှုတွေလုပ်တယ်။ ရွာထဲမှာ နိုင်ငံရေး လုပ်တဲ့သူတွေကို သူက စစ်ကောင်စီကို ဖုန်းနဲ့ သတင်းပေးပြီး ဖမ်းခိုင်းမယ် ဆိုတာတွေ လော်စပီကာနဲ့ ပြောနေကြ။ စစ်ကောင်စီက ရွာတွေဘက်မှာ တစ်ရွာကို လူ အယောက်သုံးဆယ်လောက် တောင်းခိုင်းနေတာ အဲဒါကြောင့် ဒီလိုစာရင်းတွေအတင်းအကြပ် ကောက်နေတာ " ဟု Dragon Kyaukse Defence Force- DKDF က မြေပြင်အခြေအနေကို ရှင်းပြသည်။

ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် အချိန်ခန့်က ကျောက်ဆည်မြို့လယ်၊ ဆူးကုန်းရပ်ကွက်ရှိ ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အိမ် မျက်နှာစာအရှေ့ ကို Dragon Kyaukse Defence Force- DKDF က ဗုံး‌ေဖာက်ခွဲမှု လုပ်ဆောင်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly