စစ်ကောင်စီတပ်နှင့်ရိက္ခာပို့သင်္ဘောကို ရွှေကူနယ်တွင် KIA တိုက်ခိုက်

စစ်ကောင်စီတပ်နှင့်ရိက္ခာပို့သင်္ဘောကို ရွှေကူနယ်တွင် KIA တိုက်ခိုက်

စက်တင်ဘာ ၁၁

ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ဘက်မှ ဆန်တက်လာသည့် စစ်ကောင် စီ တပ်သားများနှင့် ရိက္ခာများသယ်ဆောင်လာသော သင်္ဘောသည် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။

ရွှေကူမြို့နယ် ရွှေဘုံရွာအနီးတွင် KIA ပြောက်ကျား၏ပစ်ခတ်မှုခံရခြင်းဖြစ်ပြီး သေကြေဒဏ်ရာရမှုကိုတော့ လတ်တလောသတင်းမရနိုင်သေးပါ။

အလစ်အငိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်လိုက်သည့်အတွက် ရွှေဘုံရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရသူများရှိသလို ရွာသားတစ်ချို့ ဖမ်းဆီးခံရခြင်းလည်းရှိသည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားပြီး လူနေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်၍ ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် ရွာတွင်းနေမိသားစုတစ်စုနှင့် သင်္ချိုင်းအနီးရှိ လူသုံးယောက်ကိုလည်း အာဏာသိမ်းတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ယခုသတင်းပေးပို့ချိန်အထိ တိုက်ခိုက်ခံရသော သင်္ဘောသည် ရွှေကူနားမှာပင်ရှိနေသေးကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly