လုံခြုံရေးဥပဒေပြဌာန်းလိုက်သည့် ဟောင်ကောင်တွင် နိုင်ငံတကာကုမ္ပဏီများ အနာဂတ်ကို စဉ်းစားနေ

လုံခြုံရေးဥပဒေပြဌာန်းလိုက်သည့် ဟောင်ကောင်တွင် နိုင်ငံတကာကုမ္ပဏီများ အနာဂတ်ကို စဉ်းစားနေ

တရုတ်က ဟောင်ကောင်ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် မီဒီယာနှင့် နည်းပညာကုမ္ပဏီများ၏ လွတ်လပ်ခွင့်ကို အရှိန်မြင့် ဖိနှိပ်လာခြင်းကြောင့် နိုင်ငံတကာကုမ္ပဏီများသည် ၎င်းတို့၏ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို ပြန်လည် သုံးသပ်နေကြောင်း ဒေသတွင်းရှိ ထိပ်တန်းစီးပွားရေး ကိန်းဂဏန်းများက ဖော်ပြနေသည်။

ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရစဉ် ၂၀၂၀ပြည့်နှစ်က ပြဌာန်းလိုက်သော အမျိုးသားလုံခြုံရေးဥပဒေနှင့် ဒီမိုကရေစီလိုလားသော Apple Daily သတင်းစာကို တရုတ်အစိုးရက ပိတ်ပစ်လိုက်ခြင်းကြောင့် ဟောင်ကောင်ပြည်သူအများအပြား နိုင်ငံခြားသို့ အစုလိုက်အပြုံ လိုက်ထွက်ခွာသွားကြသဖြင့် ယခင်က စီးပွားရေးလုပ်ငန်းများခိုင်မာအားကောင်းသည့် ဟောင်ကောင်အပေါ် လူများ၏ ယုံကြည်မှုကို ကိုင်လှုပ်လိုက်သည်။

Initium မီဒီယာကုမ္ပဏီကဲ့သို့သော အချို့ကုမ္ပဏီများသည် စင်္ကာပူသို့ ပြောင်းရွှေ့မည်ဟု ကြေညာထားသည်။

အိတ်ဖွင့်ပေးစာတစ်စောင်တွင် အမှုဆောင်အယ်ဒီတာ စူစီဝူက လွတ်လပ်မှုသို့ သွားရာလမ်းတွင် အခြေအနေ များစိတ်မချရခြင်းကြောင့် ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော အခြေခံလမ်းစဉ်ဖြင့် အွန်လိုင်းသတင်းတင်ဆက်မှုများ ဆက်လက် လုပ်ကိုင်သွားမည်ဟု ပြောကြားခဲ့သည်။

အခြားကုမ္ပဏီများသည် အရာအားလုံးကို နေရာပြောင်းရွေ့မည်မဟုတ်သော်လည်း ဟောင်ကောင်၏ ပြိုင်ဘက် အာရှစီးပွားရေးမြို့တော်ဖြစ်သော စင်္ကာပူတွင် သူတို့၏ ရုံးခန်းများကို စတင်ဖွင့်လှစ်နေပြီဟု ဟောင်ကောင်ဥရောပကုန်သည်များအသင်းဥက္ကဌ ဖရက်ဒရစ် ဂိုလ်လော့ဘ် က ပြောကြားခဲ့သည်။

ဗြိတိန်ကို တရားရေးစနစ်ကို အခြေခံသည့် တရားစီရင်ရေးစနစ်သည် တရားဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးနိုင်သော စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သောကြောင့် ဟောင်ကောင်သည် လုံခြုံသောနေရာတစ်ခုအဖြစ် အမြဲတစေရှုမြင်ခံခဲ့ရသည်။

တရားရေးစနစ်ကို ယုံကြည်စိတ်ချရမှုနှင့် လှုပ်ရှားမှုများကို ကန့်သတ်ချက်များကြောင့် ကုမ္ပဏီများက ယင်းတို့၏ လုပ်ကိုင်ရမည့်အပိုင်းကို ပြန်လည်အကဲဖြတ်နေကြသည်။

“ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးမေးခွန်းတွေရှိနေပါ တယ်” ဟု သူက ဆိုသည်။

ဟောင်ကောင်မှ လူဦးရေ ၉၀ဝဝဝ နီးပါးထွက်ခွာမှုသည် လူဦးရေ ၇ ဒသမ ၃၉ သန်းရှိသော ဟောင်ကောင်လူ ဦးရေ၏ ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ လျော့ကျစေခဲ့သည်ဟု မြို့တော်သန်းခေါင်စာရင်းနှင့် စာရင်းအင်းဦးစီးဌာနက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly