ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စုပေါင်းပြီး ကျောင်းသာယာလှပစေရန် အမှိုက်စုကောက်

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စုပေါင်းပြီး ကျောင်းသာယာလှပစေရန် အမှိုက်စုကောက်
(ဓာတ်ပုံ-သက်ကို မဇ္စျိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။           ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက စုပေါင်းပြီး  ရန်ကုန်တက္ကသိုလ်အမှိုက်ကင်းစင်စေရန်နှင့် အသိပညာပေးမှုရရှိစေဖို့ ရန်ကုန်တက္ကသိုလ် နယ်မြေထဲတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

“ကျောင်းမှာက အခုဆိုရင် ကျောင်းသားသစ်တွေများလာပြီ။ ဆရာ၊ ဆရာမအသစ်တွေလည်း များလာတယ်။ ပလက်စတစ်တွေလည်း များလာတယ်။ အဲဒါကြောင့် အခုလို ကျောင်းသားတွေ စုပေါင်းပြီး အမှိုက်ကောက်တာပါ။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်စေဖို့ပါပဲ”ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုရဲရင့်က မဇျွိမကို ပြောသည်။

ယင်းကဲ့သို့လုပ်ဆောင်ခြင်းသည် နိုင်ငံရေးအရလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ကျောင်းအတွင်း သန့်ရှင်းစေချင်သည့် ရည်ရွယ်ချက်တစ်ခုတည်း အတွက်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် သန့်ရှင်းရေးဝန်ထမ်းများကို ဝိုင်းဝန်းကူညီခြင်းသာ ဖြစ်ကြောင်းကိုရဲရင့် က ပြောကြားသည်။

မြေကြီးထဲတွင် ပလက်စတစ်များကပ်နေခြင်းကြောင့် မြေဆီလွှာပျက်စီးကာသဘာဝပတ်ဝန်းကျင် ပျက်စီး နေရခြင်းကြောင့် ယင်းကဲ့သို့ အမှိုက်ကောက်ခြင်းအလုပ်ကို ဝိုင်းဝန်းကူညီပေးကြရန်လည်း တိုက်တွန်းကြောင်း ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားနေသောကျောင်းသူ မစိုးထိုက်စံက ပြောသည်။

“ အမှိုက်တယ်ဆိုတာ ပစ်တဲ့သူရှိလို့ ကောက်ရတာပါ။ ဒီ ပစ်တဲ့သူတွေရှိသလို ကောက်တဲ့သူတွေလည်း ရှိတယ်ဆိုတာကို အသိတရားရစေဖို့ပါ။ အမှိုက်ဆိုတာ ကောက်ဖို့ပါဆိုတာကို သိစေချင်လို့ပါ။”ဟု မစိုးထိုက်စံက မဇျွိမကို ပြောသည်။

ယခုကဲ့သို့ အမှိုက်ကောက်ခြင်းကို ပြီးခဲ့သောရက်ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ပရဟိတလုပ်ဆောင် သူများက ပြည်သူများနှင့် ပူးပေါင်းကာ အမှိုက်ကောက်ခဲ့ကြခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းတွင် ဒဂုံတက္ကသိုလ် ကျောင်းသားများကလည်း ဒဂုံကျောင်းတွင်းအတွင်း အမှိုက်များ   ကောက်ခြင်းကိုပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly