စမ်းချောင်းပစ်ခတ်မှုတွင် ဗိုလ်မှူး အပါအဝင် နှစ်ဦး သေဆုံး၊ ပစ်ခတ်မှုဖြစ်ရာအနီးတစ်ဝိုက် စစ်‌ဆေးမှုတင်းကျပ်နေ

စမ်းချောင်းပစ်ခတ်မှုတွင် ဗိုလ်မှူး အပါအဝင် နှစ်ဦး သေဆုံး၊ ပစ်ခတ်မှုဖြစ်ရာအနီးတစ်ဝိုက် စစ်‌ဆေးမှုတင်းကျပ်နေ

စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဗားကရာလမ်းဆုံ အနီးတွင် နယ်မြေလုံခြုံရေးဟုဆိုကာ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်ကို သေနတ်ဖြင့် ပစ်ခတ်ခြင်း နှင့်အတူ လက်ပစ်ဗုံး နှစ်လုံး ယာဉ်အတွင်းပစ်ထည့်မှု ယမန်နေ့ စက်တင်ဘာ ၉ရက်က ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ညနေ ၄နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီမှ ခလရ (၁၃၉) ဗိုလ်မှူးသန်းကျော်ခိုင် အပါအဝင် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကြောင်းစစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။

“ဗမ(ဗိုလ်မှူး) တစ်ကောင်နဲ့ ရဲဘော်တစ်ကောင် ထိတယ်ဆိုပြီး တပ်ဘက်ကပြောတယ်။ နောက်မှ (2IC) ဒုတပ်ရင်းမှူး ဆိုပြီး သိရတယ်။ ဗမ(ဗိုလ်မှူး)က အခင်းဖြစ်တဲ့နေရာမှာ သေနတ်နဲ့အပစ်ခံလိုက်ရပြီး သေတယ်။ အသက် ၃၀ကျော်လောက်ရှိမယ် “ ဟု၎င်းက ပြောသည်။

ယင်းကဲ့သို့ တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီကိုထောက်ခံသူ အများစုက ၎င်းတို့၏ လူမူကွန်ရက်စာမျက်နှာတွင် “ဒုရင်းမှူး သန်းကျော်နိုင် မကျဆုံးပါ "ဟုရေးသားထားသည့် စာများ ထွက်ပေါ်ခဲ့သေးသည်။

တပ်နှင့်နီးစပ်သူတစ်ဦးက “သူကအခင်း ဖြစ်တဲ့နေရာမှာပဲ သေသွားတာ၊ဆေးရုံပို့တယ်ဆိုတာကလည်း သေဆုံးကြောင်း လက်မှတ်ယူတဲ့သဘောပါ "ဟုပြောသည်။

“ နောက်ခန်းထဲကို ဗုံးနှစ်လုံး ပစ်ထည့်တယ်။ ခေါင်းခန်းက တစ်ယောက်က တံခါးဖွင့်ပြီး ပြန်ပစ်တာကို ဟိုဘက်ကသေနတ်နဲ့ပစ်သတ်သွားတာ။ ဗုံးက တစ်လုံးမကွဲဘူး ။ ကားမောင်းတဲ့ တစ်ယောက်က မသေဘူးကြားတယ် " ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နာရီအနည်းငယ်အကြာတွင် လူမူကွန်ရက်စာမျက်နှာပေါ်တွင် ရန်ကုန်မြို့၌ တာဝန်ကျသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်နံပါတ် ၊ နာမည်၊ ရာထူး တို့ပါရှိသည့် စာတစ်

စောင်ထွက်ပေါ်လာခဲ့သည်။

စစ်တပ်နှင့် နီးစပ်သူများက မဇ္ဈိမ သတင်းဌာနကို ပေးပို့သည့် စာရင်း၌ မြို့လယ်ခေါင်တွင်သေနတ်ဖြင့် ပစ်ခံရမှုကြောင့် သေဆုံးသည့် ခလရ (၁၃၉ ) ဗိုလ်မှူး သန်းကျော်ခိုင်သည် မြောက်ဒဂုံမြို့နယ်တွင် လုံခြုံရေး တာဝန်‌ေပးအပ်ခြင်းခံထားရသူ ဖြစ်သည်ဟု ဖော်ပြထားသည်။

ရာထူးနေရာအပြောင်းအလဲ နှင့်ပတ်သက်ပြီး စစ်တပ်နှင့်နီးစပ်သူအသိုင်းအဝိုင်းက “သူသေသွားပြီဆိုတော့ သူအောက်က တစ်ယောက်က သူ့နေရာ ခေတ္တယူမှာပေါ့။ ဗိုလ်ကြီးအဆင့်တွေလည်း (2IC) ဒုတပ်ရင်းမှူး ပေးလို့ရတယ် “ ဟု‌ပြောသည်။

ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် မြို့ပြ‌ေပြာက်ကြား တပ်ဖွဲ့များက တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။

ခလရ( ၁၃၉) တပ်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ သန်လျင်အခြေပြု တပ်ရင်းတစ်ခု ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်နှင့်ကမာရွတ်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် စစ်ဆေးမှုများတင်းကျပ်ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၀ရက်တွင် မနက်ပိုင်းမှနေ့လည်ပိုင်းကျော်လာသည်အထိ စမ်းချောင်းမြို့နယ်ရှိ ဂွဈေး ကိုပိတ်ခိုင်းထားပြီး ဗဟိုလမ်းပေါ်ရှိ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly