လှည်းကူး ပရဟိတသမား ၄ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

လှည်းကူး ပရဟိတသမား ၄ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

စက်တင်ဘာ ၁ဝ ရက်

လှည်းကူးမြို့မှ ပရဟိတလုပ်ဆောင်သူလေးဦးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၈ ရက်နေ့ညက ဖမ်းဆီးသွားသည်။

လက်နက်ကိုင် စစ်သား၊ ရဲနှင့် အရပ်ဝတ်များက ည ၁၂ နာရီဝန်းကျင်တွင် လှည်းကူးမြို့၊ မြို့မရပ်ကွက်မှ မြို့မမေတ္တာလူမှုကယ်ဆယ်ရေးအသင်းသို့ရောက်လာပြီး တည်ထောင်သူအပါအဝင်လေးဦးကို ဖမ်းဆီးသွားကာ လူမှုကယ်ဆယ်ရေးကားနှစ်စီးနှင့် လက်ကိုင်ဖုန်းများလည်းသိမ်းယူသွားသည်ဟု ဒေသခံများကပြောသည်။

မြို့မမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းသည် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ဖွဲ့စည်းခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းဖြစ်ပြီး မြို့မရပ်ကွက်အတွင်း လူနာများကို ဆေးရုံဆေးခန်းပို့ဆောင်ပေးခြင်း၊ Covid -19 ကာကွယ်ရေးအတွက် နှာခေါင်းစည်းဝေခြင်း၊ ဆေးဖြန်းခြင်း၊ အစားအသောက်ဝေခြင်းတို့ကိုသာ လုပ်ဆောင်ပေးနေသည့် အသင်းဖြစ်သည်။

စစ်ကောင်စီသတင်းပေး ဒလန်ပေါများသည်ဟု ဒေသခံများက ဆိုသည့် လှည်းကူးမြို့တွင် မြို့ပေါ်ရပ်ကွက် ငါးခုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်များတွင် စစ်ကောင်စီတပ်များက လုံခြုံရေးပေးထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ - မြို့မမေတ္တာလူမှုကယ်ဆယ်ရေးအသင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly