အရာတော်မြို့နယ်က စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု ဖောက်ခွဲဖျက်ဆီးခံရ

အရာတော်မြို့နယ်က စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု ဖောက်ခွဲဖျက်ဆီးခံရ

စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ စစ်‌ကောင်စီပိုင် Mytel တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင် ၁၁ ခုကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုများက ယနေ့ စက်တင်ဘာ ၁၀ ရက် တွင် ကြေညာထားသည်။

အရာတော်မြို့နယ်အတွင်းအရှိ Mytel တာဝါတိုင်များကို စက်တင်ဘာ ၉ ရက် ညက ဖောက်ခွဲဖျက်ဆီးခဲ့ရာ မြို့နယ်အတွင်းရှိ မြောက်လက်‌ဒေသ မှ Mytel တာဝါတိုင် လေးခု ပေါက်ကွဲမီးလောင် ပျက်စီးသွားခဲ့ကြောင်း အရာတော် PDF က ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း Mytel တာဝါတိုင် ခုနှစ်တိုင်ကို အရာတော်မြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်။

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး စတင်‌ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပြီး နှစ်ရက်အတွင်း (စက်တင်ဘာ ၈ရက်နှင့် စက်တင်ဘာ ၉ရက် )

အရာတော်မြို့နယ်ရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင် ၁၁ တိုင် ဖောက်ခွဲဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly