စမ်းချောင်းတွင် စစ်ကား ဗုံးပစ်ခံရ၊ စစ်သား ၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရ

စမ်းချောင်းတွင် စစ်ကား ဗုံးပစ်ခံရ၊ စစ်သား ၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရ

စက်တင်ဘာ ၉

စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဗားကရာလမ်းဆုံတွင် ယနေ့ ညနေ ၄ နာရီဝန်းကျင်က စစ်ကားတစ်စီး ဗုံးပစ်ခံရပြီး စစ်သား နှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

“နှစ်ဦးသေတယ်။ ဒဏ်ရာရသူတွေ အများကြီးပဲ။ အဲ့ဒါကြောင့် သူတို့က အရင်ဆုံး ပြေးတာ။ ပြေးပြီးမှ အခုပြန်ရောက်လာကြတာ။ သူတို့ လှည့်တဲ့ စစ်ကားကို လက်ပစ်ဗုံးပစ်ထည့်သွားတာ။ အဲ့ဒါကြောင့် အနီးတဝှိက်မှာ ဆဲပြီး ထွက်ခဲ့ဆိုပြီး လိုက်ရှာနေတာ” ဟု အနီးပတ်ဝန်းကျင်နေသူတစ်ဦးက ပြောသည်။

"မပေါက်သေးတဲ့ ဗုံးတစ်လုံးရှိသေးတယ်လည်း ကြားတယ်။ ဇလွန်လမ်းထိပ်မှာ စခတွေက ဓာတ်ပုံရိုက်နေတယ်" ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာအနီးတဝှိက်ကို စစ်သား၊ ရဲအင်အားအများ အပြားရောက်ရှိနေပြီး လိုက်လံရှာဖွေနေသည့်အပြင် အနီးနားရှိ အရပ်သား များကို ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly