Sinovac စက်ရုံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂ သန်းကို ဘရာဇီး က အသုံးပြုမှု ရပ်ဆိုင်း

Sinovac စက်ရုံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂ သန်းကို ဘရာဇီး က အသုံးပြုမှု ရပ်ဆိုင်း

တရုတ် Sinovac Biotech Ltd ကုမ္ပဏီ၏ ခွင့်ပြုချက်မရသေးသည့် စက်ရုံမှထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂ သန်းကျော်ကို သြဂုတ်လ ၄ရက်တွင် ဘရာဇီးဖက်ဒရယ် ကျန်းမာရေး စည်းကမ်းထိန်းချုပ်ရေးအဖွဲ့ Anvisa က အသုံးပြုခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်သည်။

ယင်းစက်ရုံတွင် ထုတ်လုပ်သည့်ဆေးများကို ၂၅ ကြိမ်မြောက်အသုတ်အနေဖြင့် ဆေးပေါင်း ၁၂ ဒဿမ ၁ သန်းကို ဘရာဇီးသို့ပို့ချိန်တွင် ကာကွယ်ဆေးကို ပြည်တွင်းတွင် ထုတ်လုပ်ရန်အတွက် Sinovacနှင့်ပူးပေါင်းထားသော ဇီဝဆေးပညာ ဌာနဖြစ်သော Sao Paulo's Butantanအင်စတီကျူ့မှ စက်တင်ဘာ ၂ရက်တွင် Anvisaအား သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

"ထုတ်လုပ်ရေးစက်ရုံကို မစစ်ဆေးရသေးသလို ကာကွယ်ဆေးကို အရေးပေါ်သုံးဖို့ Anvisaက ခွင့်မပြုရ သေးပါဘူး" ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆိုသည်။

အဆိုပါတားမြစ်ချက်သည် အန္တရာယ်အနည်းဆုံးဖြစ်စေရန်နှင့် ဖြစ်နိုင်ချေကို ရှောင်ရှားရန် ကြိုတင် ကာကွယ်မှုတစ်ခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားည်။

၁၇ ကြိမ်မြောက်အသုတ်ဖြစ်သော စုစုပေါင်း ဆေးပမာဏ ၉ သန်းကိုလည်း ယင်းစက်ရုံတစ်ခုတည်းတွင် ထုတ်လုပ်ခဲ့ကြောင်း Butantanက Anvisaကို ပြောကြားခဲ့ပြီး ယင်းဆေးများ လမ်းခုလတ်တွင် ရောက်နေပြီဖြစ်ကြောင်း စည်းကမ်းကြပ်မတ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ရက် ၉၀ ရပ်ဆိုင်းမှုအတွင်း Anvisaသည် စက်ရုံအား စစ်ဆေးရန်နှင့် ကုန်ထုတ်လုပ်မှုဖြစ်စဉ်၏ ဘေးအန္တရယ် ကင်းရှင်းရေးအကြောင်း ပိုမိုသိရှိရန်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ် အစောပိုင်းတွင် ဘရာဇီးတွင် ကာကွယ်ဆေးများ ဖြန့်ချိပေးခဲ့သည်အနက် ကာကွယ်ဆေး အများစုသည် Sinovacမှ ဖြစ်သည်။ အခြားထုတ်လုပ်သူများထံမှ ကာကွယ်ဆေးများလည်း မကြာခင် ရရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly