တွံတေးမြို့ ကန်ဘဲ့ကျေးရွာ အုပ်ကြီး ပစ်သတ်ခံရ

တွံတေးမြို့ ကန်ဘဲ့ကျေးရွာ အုပ်ကြီး ပစ်သတ်ခံရ

စက်တင်ဘာ ၉

ရန်ကုန်တိုင်း၊ တွံတေးမြို့၊ ကန်ဘဲ့ကျေးရွာတွင် ဒလန်ဟုနာမည်ကြီးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှကို စက်တင်ဘာ ၉ရက် မနက်၉နာရီခန့်တွင် အမည်မသိ သေနတ်သမားတစ်ဦးက ကန်ဘဲ့လမ်းဆုံတွင် သေနတ်နှင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်။

People's Defence Force Underground (PDFU) Twantay က ဦးကျော်လှကို ပြစ်ဒဏ်ပေးခဲ့သည်မှာ ၎င်းတို့အဖွဲ့ဖြစ်ကြောင်း PDFU ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဦးကျော်လှသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည့်အပြင် စစ်ကောင်စီထံ သတင်းပေး ကူညီနေသည့် ဒလန်တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly