ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြာင့် ရေကြီးရေလျှံမှုများ ဖြစ်နေ

09 September 2021
ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြာင့် ရေကြီးရေလျှံမှုများ ဖြစ်နေ

ရန်ကုန်မြို့နေရာအချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ကားလမ်းများ ပိတ်ဆို့နေကြောင်း ရန်ကုန်နေပြည်သူတစ်ဦးက မဇ္ဈိမကို သတင်းပေးပို့လာသည်။

ယနေ့စက်တင်ဘာလ ၉ ရက် ၁၁နာရီ မနစ် ၄၀ အချိန်ကစပြီး ရန်ကုန်မြို့မှာ မိုသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။

" ရေကြီးတာကြောင့် လမ်းတွေ တော်တော်များများပိတ်နေတယ်၊ မြို့ထဲတွေရော ရေတွေကြီးနေတယ်။ ပြည်လမ်းနဲ့ အင်းစိန်လမ်း‌မပေါ်မှာ လည်းကားတွေပိတ်နေတယ်။ ယုဇနပလာဇာရှေ့မှာရော" ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly