ချယ်လ်ဆီးကစားသမားများအနေဖြင့် မြင့်မားသည့်လခများကိုပြန်ကြည့်ရမည်ဟု ဖာဘရီဂတ်စ်ပြော

ချယ်လ်ဆီးကစားသမားများအနေဖြင့် မြင့်မားသည့်လခများကိုပြန်ကြည့်ရမည်ဟု ဖာဘရီဂတ်စ်ပြော

ဒီဇင်ဘာ ၁၆၊ လန်ဒန် ။              ။ ချယ်လ်ဆီးကစားသမားများအနေဖြင့် မြင့်မားသည့်လခများကိုပြန်ကြည့်ရန်လိုသည့်အပြင် ထိပ်တန်းကစားသမားများကဲ့သို့ ကစားရန်လိုသည် ဟု ဖာဘရီဂတ်စ်က ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်လက်ရှိ ချန်ပီယံချယ်လ်ဆီးအသင်းသည် လက်ရှိရာသီ ကိုးပွဲမြောက်ရှုံးပွဲအဖြစ် လက်စတာကိုရှုံးပြီးနောက် တန်းဆင်းဇုန်အထက်တွင် တစ်မှတ်အကွာဖြင့် ရပ်တည်နေသည်။

ယင်းပွဲအပြီးတွင် မော်ရင်ဟိုက ကစားသမားများ၏ သစ္စာဖောက်ခြင်း ခံနေရသည်ဟု ပြောဆိုခဲ့သည်။

"ထိပ်တန်းကစားသမားဆိုရင်၊ ထိပ်တန်းကစားသမားတစ်ယောက်လို လစာရနေတယ်ဆိုရင် ထိပ်တန်းကစားသမားတစ်ယောက်လို ပြုမူဖို့တော့ လိုတယ်။

ဆိုးရွားတဲ့ရာသီ၊ ဆိုးရွားတဲ့ပြိုင်ပွဲမရှိနိုင်ဘူးလို့ပြောတာမဟုတ်ဘဲ ရပ်တည်မှုကို ထောက်ပြတာပါ။ အခုချိန်ကစပြီး ချယ်လ်ဆီးကစားသမား တစ်ယောက်စီတိုင်းအနေနဲ့ လက်ရှိထက်ပိုကောင်းအောင် လုပ်ကိုလုပ်ရမယ်"ဟု စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်က ပြောသည်။

ချယ်လ်ဆီးအသင်းသည် အမှတ်ပေးဇယားထိပ်မှ လက်စတာကို ရှုံးပြီးနောက် ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၁၆ နေရာသို့ရောက်နေသည်။

ပရီးမီးယားလိဂ်သမိုင်းတွင် ၁၆ ပွဲကစားပြီး ၁၅ မှတ်ရထားသောအသင်းများမှာ ယေဘုယျအားဖြင့် ရာသီကုန်တွင် တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာတွင်သာ ရပ်တည်နိုင်သည့် မှတ်တမ်းများရှိခဲ့ဖူးသည်။

မော်ရင်ဟိုကမူ စတမ်းဖို့ဘရစ်ချ်ကလပ်မှာ တန်းဆင်းဇုန်တိုက်ပွဲဝင်ရမည်မဟုတ်ဟု ယုံကြည်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly