တရုတ်က ကျောက်မီးသွေးကို အလွန်အကျွံသုံးစွဲနေခြင်းသည် ရာသီဥတုထိန်းသိမ်းရေး ရည်မှန်းချက်ကို ရရှိစေမည်မဟုတ်ဟု အမေရိကန်သံတမန်ပြောကြား

By France 24
05 September 2021
တရုတ်က ကျောက်မီးသွေးကို အလွန်အကျွံသုံးစွဲနေခြင်းသည် ရာသီဥတုထိန်းသိမ်းရေး ရည်မှန်းချက်ကို ရရှိစေမည်မဟုတ်ဟု အမေရိကန်သံတမန်ပြောကြား

တရုတ်နိုင်ငံတွင် ကျောက်မီးသွေး သုံးစွဲမှု များပြားနေခြင်းသည် ရာသီဥတုထိန်းသိမ်းရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ရရှိစေမည်မဟုတ်ကြောင်း တရုတ်နို်ငငံ၌ ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံအပြီးတွင် အမေရိကန်အစိုးရ၏ ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ သံတမန်ဂျွန်ကယ်ရီက စက်တင်ဘာ ၂ ရက်တွင် သတိပေး ပြောကြားလိုက်သည်။

တရုတ်အစိုးရက လူ့အခွင့်အရေးမှတ်တမ်းများနှင့် ကိုရိုနာဗိုင်းရပ်စ်အား အစပိုင်းတွင် ထိန်းချုပ်မှုအပေါ် ပြစ်တင်မှုများကြောင့် ပြီးခဲ့သည့် လများအတွင်း တရုတ်နှင့် အမေရိကန်အစိုးရတို့အကြား တင်းမှုများ မြင့်တက်လာခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိန်းချုပ်ရေးသည် နှစ်နိုင်ငံအကြား ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များအနက်မှ တစ်ခုဖြစ်သည်။

သို့သော် နှစ်နို်ငငံဆက်ဆံရေး ဆိုးရွားလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း တရုတ်အစိုးရက ပြီးခဲ့သည့် လများအတွင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၂ ရက်က ဂျာနယစ်လစ်များနှင့် တွေ့ဆုံရာတွင် ကယ်ရီက ကျောက်မီးသွေးစက်ရုံများ ထပ်မံတည်ဆောက်နေခြင်းသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာအပေါ် ကမ္ဘာက ဆောင်ရွက်မှုအပေါ် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း အမေရိကန်က နားလည်ထားသည်ဟု ပြောကြားသည်။

ကျောက်မီးသွေးစက်ရုံသစ်များ တည်ဆောက်ရန် တရုတ်နိုင်ငံ၏ အစီအစဉ်များက ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ ကာဗွန်ထုတ်လုပ်မှု အသားတင်ပိုလျှံခြင်းမရှိစေရန် ရည်မှန်းချက်ကို မဖြစ်စေနိုင်ကြောင်း ကယ်ရီက ပြောကြားခဲ့သည်။

၂၀၃၀ ပြည့်နှစ်နောက်ပိုင်း ကျောက်မီးသွေး သုံးစွဲမှု လျှော့ချသွားရန် ကတိပြုထားသော်လည်း တရုတ်နိုင်ငံသည် ယမန်နှစ်အတွင်းက ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ၃၈ ဒသမ ၄ ဂစ်ဂါဝပ် ထုတ်လုပ်ခဲ့သည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေးအတွက် တရုတ်အစိုးရနှင့် ဆက်ဆံရေးကို ပြင်ဆင်ရန် အမေရိကန်အား ပြောကြားထားသည်။ သို့သော် ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု အများဆုံး နှစ်နိုင်ငံအကြား ဆက်ဆံရေးကြောင်း ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေသင့်ကြောင်း ကယ်ရီက တရုတ်အစိုးရကို တိုက်တွန်းထားသည်။

“ရာသီဥတုဆိုတာ အယူဝါဒမဟုတ်ပါဘူး။ ကမ္ဘာကြီးအတွက် စိန်ခေါ်မှုပါ” ဟု ကယ်ရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly