ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အပါအဝင်နေရာ ၃ ခုပစ်ခတ်ခံရ၊ စစ်သားသေဆုံး

ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အပါအဝင်နေရာ ၃ ခုပစ်ခတ်ခံရ၊ စစ်သားသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ယမန်နေ့စက်တင်ဘာ ၄ရက် ည၁၁နာရီဝန်းကျင်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စုပေါင်းရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် ပစ်ခတ်မှုဖြစ်ပြီးပြည်နယ်အစိုးရရုံးရှေ့တွင် လုံခြုံရေးယူထားသည့်စစ်သားတစ်ဦး ကျည်ထိသေဆုံးခဲ့ကြောင်းသိရသည်။

"မနေ့ညက ပစ်ကြတာ သေနတ်သံတွေတော့တော်တော်ကြားရတယ်။ စုပေါင်းရုံးရှေ့မှာလည်း ပစ်ကြတယ်။ ဘဏ်ရှေ့မှာလည်း ပစ်ကြတယ်။ အဲဒီမှာ ပြည်နယ်အစိုးရရုံးရှေ့မှာ စောင့်ကြပ်နေတဲ့ စစ်သားတစ်ယောက်ထွက်လာတာမှာ သေနတ်နဲ့ပစ်ခံရပြီးသေသွားတာပဲ"ဟု အနီးပတ်ဝန်းကျင်မှ သူတစ်ဦးကပြောသည်။

သည့်အပြင် မနေ့ညပိုင်းတွင်လည်း ဟားခါးမြို့အဝင် ဂန့်ဂေါ်ဘက်ခြမ်းတွင်ရှိသည့် (၂၆၆) တပ်ရင်းကိုလည်း RPGဖြင့် ပစ်ခံရပြီးအပြန်အလှန်ပစ်သံများကြားရပြီး ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required