အိန္ဒိယစီးပွားရေး ပြန်လည်ဦးမော့နေဟု သြဂုတ်လ ကိန်းဂဏန်းများက ဖော်ပြနေ

အိန္ဒိယစီးပွားရေး ပြန်လည်ဦးမော့နေဟု သြဂုတ်လ ကိန်းဂဏန်းများက ဖော်ပြနေ

မော်တော်ကားထုတ်လုပ်သူများက တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အပိုပစ္စည်းများပြတ်လပ်နေသော်လည်း ၂၀၂၀ပြည့်နှစ်ကထက် ကားများပိုရောင်းချနေရသလို သြဂုတ်လတွင် ကုန်စည်နှင့် ဝန်ဆောင်မှုခွန် (GST) စုဆောင်းမှုမှာ ရူးပီး ၁ ထရီလီယံထက်ပိုမိုရရှိပြီး အိန္ဒိယ၏ စီးပွားရေးမှာ ပြန်လည်နလန်ထလာမှု လမ်းကြောင်း တွင် ရှိနေဆဲဖြစ်သည်။

ဓာတ်ဆီနှင့် ဒီဇယ်ဝယ်လိုအားသည် ၁၄ ရာခိုင်နှုန်းနှင့် ၁၆ ရာခိုင်နှုန်းအသီးသီးမြင့်တက်လာခဲ့ပြီး မီးရထား လိုင်းများသည် ကုန်စည်ပို့ဆောင်မှု ၁၆ ဒသမ ၉ ရာခိုင်နှုန်းပိုမိုပို့ဆောင်လာခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုအပ်မှုမှာ ၁၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းက သြဂုတ်လ ကုန်တွင် ကုန်စည်နှင့် လူများပိုမိုလှုပ်ရှား လာခြင်းဖြစ်ကြောင်း ရည်ညွှန်းဖော်ပြနေခြင်းဖြစ်သည်။

Unified Payments Interface (UPI) ငွေလွှဲပြောင်းမှုများသည် ဇူလိုင်လမှ ၉ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် ၃ ဒသမ ၅၅ ဘီလီယံသို့ တိုးလာကြောင်း အိန္ဒိယ နိုင်ငံပိုင် ငွေပေးချေမှု ကော်ပိုရေးရှင်းမှ စက်တင်ဘာ ၁ရက်တွင် ထုတ်ပြန်သောအချက်အလက်များက ဖော်ပြနေပြီး ငွေလွှဲမှုများ ပိုမိုလုပ်ဆောင်လာခြင်းနှင့် စီးပွားရေး သက်ဝင်လှုပ်ရှားလာကြောင်းကို ညွှန်ပြနေသည်။

သို့သော် စက်ရုံ၏များလုပ်ဆောင်မှုသည် အနည်းငယ် ကျဆင်းသွားသဖြင့် ကုန်ပစ္စည်းဝယ်ယူ သူမန်နေဂျာများ၏ အညွှန်းကိန်း(PMI) သည် ဇူလိုင်လတွင် ၅၅ ဒသမ ၃ မှ ၅၂ ဒသမ ၃ သို့ ကျဆင်းခဲ့သည်။

“ ရှေ့အလားအလာကတော့ ကိုဗစ်ဒုတိယလှိုင်းမှာ အကျဘက်ရောက်သွားတာကနေ လျင်မြန်စွာ ပြန်လည်နာလန်ထလာနေတာကို ကိန်းဂဏန်းတွေက ညွှန်ပြနေပြီး ဒီ ၃လပတ်မှာ ဆက်တိုက် တိုးတက်လာမှုပါ” ဟု နိုမူရာက စက်တင်ဘာလ ၁ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ၏ အသားတင်ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) သည် ၂၀၂၀ပြည့်နှစ်က ကျဆင်းသွားသော်လည်း ၂၀၂၁ခုနှစ် ဇွန်လသုံးလပတ်တွင် ၂၀ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း စက်တင်ဘာ ၂ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များက ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly