ကိုဗစ်ကပ်ဘေးကာလ ဘောလုံးလောကမှာ အပြောင်းအရွှေ့ သုံးစွဲမှုအများဆုံးအဖြစ် မန်ယူအသင်း ထိပ်ဆုံးမှာ ရပ်တည်

ကိုဗစ်ကပ်ဘေးကာလ ဘောလုံးလောကမှာ အပြောင်းအရွှေ့ သုံးစွဲမှုအများဆုံးအဖြစ် မန်ယူအသင်း ထိပ်ဆုံးမှာ ရပ်တည်
Photo: EPA

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလ ဥရောပကလပ်အသင်းတွေဟာ အပြောင်းအရွှေ့ကာလအတွင်း အသုံးစရိတ် သိသိသာသာ လျော့ကျခဲ့ပေမယ့် မန်ယူအသင်းအနေနဲ့တော့ အပြောင်းအရွှေ့ဈေးကွက် သုံးခုအတွင်း ငွေကြေး သုံးစွဲမှုအများဆုံးအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

ကပ်ဘေးအတွင်း ဝင်ငွေတွေ ကျဆင်းနေပေမယ့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ လာလီဂါ၊ စီးရီးအေ၊ လီဂူး-၁(ဝမ်း)၊ ဘွန်ဒစ်လီဂါတို့ရဲ့ အပြောင်းအရွှေ့အသုံးစရိတ်ထက် သာလွန်ပြီး သုံးစွဲခဲ့တယ်လို့ ဘောလုံးဈေးကွက်သုတေသနအဖွဲ့ CIES က ဖော်ပြထားတာပါ။

အပြောင်းအရွှေ့ဈေးကွက် ၃ ခုကနေ ငွေကြေးအသုံးများဆုံး ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပရီးမီးယားလိဂ်ကလပ် ၇ သင်း ပါဝင်ခဲ့ပြီး မန်ယူအသင်းက အသားတင် သုံးစွဲငွေ ပေါင် ၁၈၇ သန်းနဲ့ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံလိဂ်ပြိုင်ပွဲအနေနဲ့ ပရီးမီးယားလိဂ်က ပေါင် ၁.၆ ဘီလီယံနဲ့ ဦးဆောင်ခဲ့ပြီး စီးရီးအေက ပေါင် ၁၅၅ သန်း၊ ပြင်သစ်လီဂူးက ပေါင် ၁၀၉ သန်း၊ ဘွန်ဒစ်လီဂါက ပေါင် ၆.၈ သန်းရှိခဲ့ပေမယ့် စပိန်လာလီဂါကတော့ ပေါင် ၁၇၁ သန်းထိ အမြတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်ခေါ်ယူရာမှာ ငွေကြေးအများဆုံးသုံးစွဲခဲ့ပေမယ့် ကစားသမားပြန်လည်ရောင်းချရာကနေလည်း ငွေများစွာပြန်ရခဲ့လို့ အသားတင်အသုံးစရိတ် လျော့ကျခဲ့တာကို မြင်တွေ့ရပါတယ်။

ကပ်ဘေးကာလအတွင်း ဥရောပကလပ်အသင်းတွေရဲ့ အသားတင်အသုံးစရိတ် အများဆုံး ၁၀ သင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly