ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို UK ဒဏ်ခတ်အရေးယူမှုအပေါ် ကန်နိုင်ငံခြားရေးဝန်ကြီး ကြိုဆို

ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို UK ဒဏ်ခတ်အရေးယူမှုအပေါ် ကန်နိုင်ငံခြားရေးဝန်ကြီး ကြိုဆို

အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်ဝယ်ယူ ထောက်ပံ့ကူညီပေးနေသည့် ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သည့်အပေါ် ထောက်ခံကြိုဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တွယ်တာတွင် ရေးသားထားသည်။

မြန်မာစစ်အာဏာရှင် နှင့် ၎င်းတို့နှင့်ဆက်စပ်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများအပေါ် (၇)ကြိမ်မြောက်ထပ်တိုး အရေးယူပိတ်ဆို့မှုများအနေဖြင့် ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရိုဟင်ဂျာပြည်သူများအပေါ် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သည့် စစ်တပ်၏ လုပ်ရပ်အပေါ် ဦးတေဇက လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ဗြိတိန်အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီ အပါအဝင် အရပ်သား ပြည်သူများကို ရက်စက်စွာ သတ်ဖြတ် နှိမ်နင်းမှုများကို ထောက်ခံအားပေးနေသည့် မည်သူကိုမဆို ယူကေအစိုးရက ပစ်မှတ်ထား အရေးယူသွားမည်ဖြစ်ကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က သူ၏ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်များအပါအဝင် ၎င်းတို့နှင့်ဆက်နွယ်သည့် မိသားစုဝင်များနှင့် ထောက်ပံ့ကူညီပေးနေသည့် စီးပွားရေးလုပ်ငန်းရှင်များကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required