လားရှိုးနယ်မှ လူငယ် ၇ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

လားရှိုးနယ်မှ လူငယ် ၇ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရိူးမြို့ နားကွမ်းလုံကျေးရွာအုပ်စု နားဟွယ် ကျေးရွာတွင် ယမန်နေ့က လူငယ် ခုနှစ်ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ အပြောအရ သိရသည်။

"ကားသုံးစီးနဲ့လာတယ်၊စစ်သားတွေရော၊စရဖတွေကောအင်အားတော်တော်များတယ်၊ ကျွန်မတို့ဒေသခံတွေက နှစ်ယာက်ပါတယ်၊ ကျန်တဲ့သူတွေက တခြားက PDF ဆိုပြီးလာဖမ်းသွား တာ"ဟု မျက်မြင်တွေ့ခဲ့ရသူကပြောသည်။ 

၎င်းအဖမ်းဆီးခံရသည့်အိမ်ကို စစ်ကောင်စီတပ်သားများကမွေနှောက်ရှာဖွေကာ ရွှေငွေ၊ ပစ္စည်းများလည်း ယူသွားသည်ဟု အဆိုပါဒေသခံကပြောသည်။

"ရွေတွေကော၊ ငွေသားကသိန်း ၅၀ပါသွားတယ်လို့ကြားတယ်၊ သူတို့မွှေနှောက်ပြီး ယူသွားကျတာပေါ့၊" ဟု သူက ဆက်ပြောသည်။
နားကွမ်းလုံကျေးရွာအုပ်စု အတွင်းစစ်ကောင်စီတပ်သားများ ဝင်ထွက် သွားလာမှူများရှိနေပြီး ဒေသခံများကြောက်ရွံ့လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly