အိန္ဒိယသို့ ဘဏ္ဍာနှစ် ပထမ ၃ လပတ်အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဘီလီယံကျော် ဝင်ရောက်

အိန္ဒိယသို့ ဘဏ္ဍာနှစ် ပထမ ၃ လပတ်အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဘီလီယံကျော် ဝင်ရောက်

၂၀၂၁ခုနှစ် ဧပြီလ ၁ ရက်တွင် စတင်သည့် ဘဏ္ဍာနှစ်၏ ပထမ ၃လပတ်အတွင်း အိန္ဒိယသည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅၃ ဘီလီယံရရှိခဲ့ပြီး ၂၀၂၀ပြည့်နှစ်၏ ဧပြီ-ဇွန်ကာလထက် ၉၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်း အစိုးရက သြဂုတ်လ ၂၈ရက်က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယမော်တော်ယာဉ်လုပ်ငန်းသည် စုစုပေါင်း FDI ၏ ၂၇ ရာခိုင်နှုန်းရှိပြီး နို်ငငံ၏ စီးပွားရေးတွင် အတောက်ပဆုံးကဏ္ဍအဖြစ်ပေါ်ထွက်လာခဲ့သလို ကွန်ပျူတာဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍသည် ၁၇ ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်း အသီးသီးရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ကြောင်း ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။

“အစိုးရ၏ FDIမူဝါဒ အပြောင်းအလဲများ၊ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ ချောမွေ့မှုနှင့် စီးပွားရေးလုပ်ရလွယ်ကူမှုတို့သည် ပြည်ပရင်းနှီးမြှုပ်နှံမှု ကိုမြင့်တက်စေခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ အစိုးရအဖွဲ့က ထုတ်လုပ်သူများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ကော်ပိုရိတ်အခွန်ကို လျှော့ချခြင်း၊ လယ်ယာမြေဥပဒေသစ်များကိုပြဌာန်းခြင်း၊ အလုပ်သမားငှားရမ်းမှုနှင့် ထုတ်ပစ်မှုကို လွယ်ကူစေရန်ရည်ရွယ်၍ အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required