ရော်နယ်လ်ဒိုကို အပြီးသတ် ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်တဲ့ မန်ယူ

ရော်နယ်လ်ဒိုကို အပြီးသတ် ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်တဲ့ မန်ယူ
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာပြီးနောက် အီတလီကလပ် ဂျူဗင်တပ်စ်ကနေ သူ့ရဲ့ အပြောင်းအရွှေ့ဟာ ဒီကနေ့ အပြီးသတ်နိုင်ခဲ့ပြီမို့ အိုးထရက်ဖို့ဒ်ဆီ ပြန်လာပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးအတွက် ယူရို ၁၅ သန်းအပြင် ဖြစ်နိုင်ဖွယ် အပိုဆုကြေး ယူရို ၈ သန်းကို ပေးချေရမှာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်ကလပ်နဲ့ နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။

"မန်ချက်စတာယူနိုက်တက်ဟာ ကျနော့်နှလုံးသားထဲမှာ အထူးနေရာတစ်ခုအဖြစ် အမြဲရှိနေခဲ့တဲ့ အသင်းတစ်သင်းပါ။"လို့ ပေါ်တူဂီစူပါစတားက ပြောပါတယ်။

"ကွင်းအပြည့် အိုးထရက်ဖို့ဒ်မှာ ကစားဖို့ ကျနော် မစောင့်နိုင်တော့သလို ပရိသတ်တွေအားလုံးကို ပြန်တွေ့ဖို့လည်း မစောင့်ဆိုင်းနိုင်တော့ပါဘူး။

"နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ အသင်းနဲ့ ပူးပေါင်းဖို့ မျှော်လင့်နေပါတယ်။ ကျနော်တို့တွေ အရမ်းအောင်မြင်တဲ့ ရာသီတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။"

ရော်နယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်က ရီးယဲလ်မက်ဒရစ်ကို မပြောင်းရွှေ့ခင် ယူနိုက်တက်မှာ ပွဲပေါင်း ၂၉၂ ပွဲမှာ ၁၁၈ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly