ဖားကန့်လုံးခင်း ရတနာမြေတွင် တစ်ရက်ထဲ COVID-19 ရောဂါပိုးရှိသူ ၄၀ဦးရှိကြောင်း စစ်ဆေးတွေ့ရှိ

ဖားကန့်လုံးခင်း ရတနာမြေတွင် တစ်ရက်ထဲ COVID-19 ရောဂါပိုးရှိသူ ၄၀ဦးရှိကြောင်း စစ်ဆေးတွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ ဖားကန့်လုံးခင်း ရတနာမြေတွင် ဩဂုတ်၂၉ရက်က  COVID-19 ရောဂါပိုးရှိမရှိ စစ်‌ေဆးရာ လူအယောက် ၄၀ တွင် ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဖားကန့်မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။

COVID-19ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၇ဦး စုစုပေါင်း ၄၅ ဦး တွင် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

၎င်းတို့မှာ ယခင်က COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်သည်။ 

ပိုးတွေ့ ၄၅ ဦးတွင်  အယောက် ၃၀ ကျော်သည်  နေအိမ်၌သာ ကုသမှုခံယူနေကြောင်း သိရသည်။ 
ပိုးတွေ့လူနာများတွင်   လုံးခင်းကျေးရွာ၊ ဆိပ်မူကျေးရွာအုပ်စုနှင့် မမုံကျေးရွာမှ အများဆုံးပါဝင်ကာ စပေါ့ကျေးရွာ၊ မက်လင်ချောင်ကျေးရွာတို့မှ သူများလည်း ပါဝင်ကြောင်းသိရသည်။ 

ပို့တွေ့လူနာများတွင် အသက်ခြောက်ဆယ်ကျော် အရွယ်နှစ်ဦးနှင့် အသက်ဆယ်နှစ်အောက် နှစ်ဦးပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly