မူဆယ်တွင် COVID-19 ကူးစက်မှုလျော့ကျ ရပ်ကွက်အလိုက် ဖြေလျော့မှုလုပ်

မူဆယ်တွင် COVID-19 ကူးစက်မှုလျော့ကျ ရပ်ကွက်အလိုက် ဖြေလျော့မှုလုပ်

ဩဂုတ် ၂၉

ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့တွင် COVID-19 ရောဂါပိုးတွေ့ရှိမှုနှုန်းလျော့ကျလာ၍ ရပ်ကွက်အလိုက် သတ်မှတ်ထားသည့် လော့ဂ်ဒေါင်းများအား ယနေ့စ၍ ဖြေလျော့လိုက်သည်။

"ပိုးတွေ့နှုန်းလည်းနည်းလာတယ်၊ ဆေးရုံမှာလည်းလူနာတွေ နည်းလာတယ်၊ရောဂါပိုးလာစစ်သူတွေလည်း လျော့ကျသွားပြီ"ဟု ပရဟိတလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

မူဆယ်မြို့တွင် COVID-19 ကြောင့်ဆေးရုံတက်ကုသနေရသူ ဦးရေ ၁၀၀ ဝန်းကျင်သာ ကျန်ရှိ‌တော့သည်။

ပိုးတွေ့လူနာလျော့ကျသွားသည့်အတွက် ရပ်ကွက် အလိုက်ချမှတ်ထားသည့် lockdown သတ်မှတ်မှုများအား ဖြေလျော့ထားပြီး ဆိုင်များကိုလည်း ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

မူဆယ်မြို့အား ဇွန်လမှစ၍ ရပ်ကွက်အလိုက်လော့ဒေါင်းများသတ်မှတ်ထားခဲ့သည်။ မူဆယ်မြိုတွင် သြဂုတ်လ အထိ COVID-19ရောဂါပိုးကြောင့်သေဆုံးသူဦးရေ ၉၀ ဝန်းကျင်ရှိပြီး ပိုးတွေ့လူနာစုစုပေါင်း ၁၈၀၀ ကျော်တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly