အာဖဂန်နစ္စတန်ကျဆုံးခြင်းကြောင့် တရုတ်၏ ပိုးလမ်းမရပ်ဝန်းသစ်အစီအစဉ်အတွက် အခက်အခဲများ ရှိလာမည်

အာဖဂန်နစ္စတန်ကျဆုံးခြင်းကြောင့် တရုတ်၏ ပိုးလမ်းမရပ်ဝန်းသစ်အစီအစဉ်အတွက် အခက်အခဲများ ရှိလာမည်

အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်တို့က အမှန်မထင် သိမ်းပိုက်လိုက်ခြင်းကြောင့် အဆိုပါနိုင်ငံအတွက် ဒုတိယအကြိမ် အခက်အခဲများနှင့် ရုန်းကန်လာရပြီး ဆက်လက်ဖြစ်ပေါ်မည့် အခြေအနေများကိုလည်း ကမ္ဘာက စောင့်ကြည့်လျှက်ရှိသည်။

နိုင်ငံအများအပြားက အာဖဂန်နစ္စတန်တွင် ရင်းနှီးမြှုပ်အများအပြား လုပ်ဆောင်လျှက်ရှိရာ ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ထားသည့် တရုတ်နို်ငငံကလည်း ၎င်း၏ ပိုးလမ်းမရပ်ဝန်းအစီအစဉ် (BRI) အပါအဝင် ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အခြေခံအဆောက်အဦ စီမံကိန်းများကို ကာကွယ်ရန် နည်းလမ်းများကို ရှာဖွေတွက်ချက်လာရသည်။

ကမ္ဘာ့နိုင်ငံများက တာလီဘန်တို့ အာဖဂန်နစ္စတန်အား သိမ်းပိုက်ခြင်းအပေါ် ပြစ်တင်ဝေဖန်ကြသော်လည်း တာလီဘန်တို့အား ထောက်ခံ၍ အသိအမှတ်ပြုကြောင်း ထုတ်ပြန်လာသည့် ပထမဆုံးနိုင်ငံမှာ တရုတ်ဖြစ်ပြီး တာလီဘန်တို့ကလည်း ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုခဲ့သည်။

၂၀၀၁ ခုနှစ်မှစတင်၍ အမေရိကန်တပ်ဖွဲ့များက ပံ့ပိုးပေးထားသော အာရှက်ဂါနီအစိုးရ ကျဆုံးသွားခြင်းသည် တရုတ်နိုင်ငံက နေရာဝင်ယူရန် အခွင့်အလမ်းတစ်ခုဖြစ်စေခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း တရုတ်ရှိနေ ခြင်းသည် တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများအတွက် အရေးပါသောအခန်းကဏ္ဍတစ်ရပ်ဖြစ် ကြောင်း တရုတ်က နားမလည်ခြင်းဖြစ်သည်။

တရုတ်အစိုးရက လွန်ခဲ့သည့် နှစ်များစွာအတွင်း ကြီးမားသည့် အခြေခံအဆောက်အဦ စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံထားသလို သမ္မတရှီကျင့်ဖျင်၏ အာရှတိုက်မှ ထင်ရှားသော စီမံကိန်းတစ်ခုဖြစ်သည့် ပိုးလမ်းမရပ်ဝန်း အစီအစဉ်သစ်၏ အစိတ်အပိုင်းတစ်ရပ်အတွက် အာဖဂန်နစ္စတန်အစိုးရကို ချေးငွေအများအပြား ထုတ်ပေးထား သည်။

BRI သည် အာဖဂန်နစ္စတန်အပါအဝင် တောင်အာရှနိုင်ငံများ၏ ထိရောက်သော ကူညီပံ့ပိုးမှု လိုအပ်သည့် ရှီကျင့်ဖျင်၏ ထင်ရှားသော စီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။

အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပတိုက်တို့ပါဝင်မည့် တရုတ်၏ ဒေါ်လာ ၂၈၂ ဘီလျံတန်ဖိုးရှိ အဆိုပါ စီမံကိန်းသည် တာလီဘန်တို့က အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခိုက်ခြင်းကြောင့် စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်လာသည်။

ပါကစ္စတန်သည် အာရှတိုက်တွင် တရုတ်ရင်းနှီးမြှုပ်နှံများကို အများဆုံး လက်ခံထားသည့် နိုင်ငံဖြစ်သော်လည်း နိုင်ငံမြောက်ပိုင်း၌ တရုတ်ဝန်ထမ်းများ သယ်ပို့ဘတ်စ်ကားတစ်စီးကို ဗုံးခွဲတိုက်ခိုက်ခံရခြင်းကြောင့် စိုးရိမ်မှုများ မြင့်တက်လာသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုတွင် ဒေါ်လာ ၄ ဘီလျံ တန်ဖိုးရှိ ဒါစုရေအားလျှပ်စစ်စီမံကိန်းတွင် အလုပ်လုပ်နေသည့် တရုတ်အင်ဂျင်နီယာ ၉ ဦး သေဆုံးခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပြီး ၁ လအကြာတွင် အာဖဂန်နစ္စတန်နယ်မြေအား အသုံးပြုကာ တိုက်ခိုက်သည့် တာလီဘန်တို့ ကြောင့်ဖြစ်ကြောင်း ပါကစ္စတန်က အပြစ်ပုံချခဲ့သည်။ အင်အားကြီးပြီး ထိန်းချုပ်မရသည့် အကြမ်းဖက်အုပ်စုက အငြင်းပွားနယ်မြေများတွင် အလားတူ တိုက်ခိုက်မှုများကို လုပ်လာနိုင်ကြောင်း သာဓကတစ်ခုဖြစ်နေသည်။

တရုတ်က ၎င်း၏ BRI အိပ်မက်အောင်မြင်ရန် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်သို့ ကြွေးမြီအများအပြား ထုတ်ပေးထားသည်။ သို့သော် သက်ဆိုင်ရာအုပ်ချုပ်သူများက မတည်ငြိမ်သော နယ်မြေများတွင် အပြောင်းအလဲ လုပ်လိုက်သည့်အခါ အဆိုပါ အကျိုးမျှော်မဟာဗျူသည် မိမိခေါင်းပေါ်သို့သာ ပြန်ကျလာတတ်ရာ တရုတ်အနေဖြင့် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တရုတ်အစိုးရသည် တာလီဘန်တို့ကို အကူအညီပေးရတော့မည်။ တာလီဘန်အုပ်စုသည် သဘာဝအားဖြင့် အလွန်ခန့်မှန်းရခက်ခဲ့ပြီး အာဖဂန်နစ္စတန်တွင် ကမ္ဘာ့နိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ခြိမ်းခြောက်မှု ပြုလုပ်နိုင်သည်။

တရုတ်ကွန်မြူနစ်ပါတီ အဆိုပါ အငြင်းပွားဖွယ်ရာနိုင်ငံများ၌ ငွေကြေးအမြောက်အများ သုံးစွဲထားခြင်းသည် BRI စီမံကိန်းကို ထိခိုက်စေကာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိခိုက်မှုမှ ပြန်လည်ကောင်းမွန်အောင် ရုန်းကန်နေရသည့် နိုင်ငံဖြစ်သောကြောင့် နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများကို ထိခိုက်စေနိုင်သည်။

တရုတ်ကွန်မြူနစ်ပါတီက တာလီဘန်တို့ကို အသိအမှတ်ပြုလိုက်သော်လည်း တစ်ကျော့ပြန် တာလီဘန်အစိုးရ သည် သတ်မှတ်ချက်မထားသည့် နယ်မြေပိုင်နက်ဖြစ်သည်။

အာဖဂန်နစ္စတန်၌ အမေရိကန်နှစ် ၂၀ ကြာတည်ရှိခဲ့ခြင်း၏ အရေးပါမှုကို တရုတ်က ဗြောင်ကျကျ ဖျက်ဆီးလိုက်သည်။ ကမ္ဘာ့အင်အားကြီးတစ်နိုင်ငံ ထွက်ခွာခြင်းသည် အခြားအင်အားကြီးတစ်နိုင်အတွက် အခွင့်အရေး မဖြစ်သင့်ပေ။

ရှီကျင့်ဖျင် စိတ်အားထက်သက်နေသည့် ပိုးလမ်းမရပ်ဝန်းအစီအစဉ်ကို ဖြစ်မြောက်စေလိုလျှင် တရုတ်အနေဖြင့် တာလီဘန်တို့အား ပံ့ပိုးနေခြင်းအပေါ် သတိကြီးစွာဖြင့် တွက်ချက်ဆောင်ရွက်ရန် လိုအပ်သည်။

--IANS 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required