ဒေါက်တာဝင်းမြတ်အေးကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီတရားစွဲ

ဒေါက်တာဝင်းမြတ်အေးကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီတရားစွဲ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို စစ်ကောင်စီက အဂတိလိုက်စားသည်ဟုစွပ်စွဲကာ တရားစွဲဆိုလိုက်သည်။

၂၀၁၉ ခုနှစ်က ရဟတ်ယာဉ်ငှားရမ်းမှုကိစ္စ နှင့် ဝယ်ယူသည့်ကိစ္စများနှင့် ပတ်သက်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင်ဖော်ပြသည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ရဟတ်ယာဉ်ငှားရမ်းရာတွင် ငှားရမ်းခများကိုပိုပေးထားကြောင်းနှင့် ဝယ်ယူသည့်ကိစ္စတွင် သုံးစွဲခွင့်မရှိသော အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် တရားစွဲရသည်ဟု စစ်ကောင်စီကဆိုသည်။ 

ထို့အပြင် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် ကာကွယ်ရေးဝန်ကြီးဌာနများကို  တင်ပြခဲ့ခြင်းမရှိဟုလည်း စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်။ 
 
ဒေါက်တာဝင်းမြတ်အေးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့်  နေပြည်တော် ဘုရားကုန်းမြို့မ ရဲစခန်းတွင် ယနေ့တိုင်ချက်ဖွင့်ပြီး တရားစွဲနိုင်ရေးလုပ်ဆောင်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required