လှိုင်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

လှိုင်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ လျှပ်စစ်မီတာရုံးအနီး ယနေ့မွန်းတည့်ကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး သေနတ်ပစ်ခတ်သံများပါထွက်ပေါ်ခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရာအနီး အရပ်ဝတ်များနှင့်စောင့်ဆိုင်းနေသော စစ်ကောင်စီဘက်သားများရှိနေခဲ့သည်။ ပေါက်ကွဲမှုအပြီး ဟိုက်ဂျက်ကားတစ်စီး‌ဖြင့် အရပ်ဝတ်များနှင့်လက်နက်ကိုင်စစ်ကောင်စီတပ်များ ထပ်မံရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည်။

သေနတ်သံသုံးချက်သည် ဗုံးလာပစ်သူများကိုရည်ရွယ်ပစ်ခတ်သည်ဟု ယုံကြည်ရသည်။

ရွာမကွေ့က ထိုပေါက်ကွဲမှုနှစ်ခုတွင် တစ်ခုမှာ ၁၂ နာရီ ၁၉ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး နောက်ပေါက်ကွဲမှုမှာ ၁၂ နာရီ ၃၅ မိနစ်ခန့်က ဖြစ်သည်။

ထို့နောက် အုတ်ကျင်းဘူတာရုံလမ်းကို စစ်ကောင်စီတပ်က နှစ်ဘက်ပိတ်ချလိုက်ပြီး ရပ်ကွက်ထဲတွင်လိုက်လံရှာဖွေမှုများလုပ်နေခဲ့သည်ကို မဇ္ဈိမကသိရသည်။

လူနာတင်ကား ဥသြသံများအပြင် နောက်ထပ် ပေါက်ကွဲသံတစ်ခုကိုလည်း ဆက်လက်ကြားခဲ့ရသည်ဟုဒေသခံများကပြောသည်။

ကြားဖြတ်သတင်းဖြစ်ပြီး ဆက်လက်ပေးပို့သွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly