ရန်ကုန်၊ဒီဇင်ဘာ - ၁၄ ။ ။ လှိုင်သာယာမြို့နယ်စက်မှုဇုန်(၄)ရှိ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် နိုဝင်ဘာလအတွက် လုပ်အားခလစာများ အပြည့်အဝပြန်ရသည့်အထိ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းစက်ရုံတွင် စာရေးအဖြစ်လုပ်ကိုင်နေသည့် မမိုးစန္ဒာမြင့်မှ မဇ္ဇိုမကိုပြောသည်။
အလုပ်ရှင်ဘက်မှ အကျီချုပ်သည့်လိုင်းမှ ဝန်ထမ်းများအတွက် ၁ရက်စာ၊ ဘောင်းဘီချုပ်သည့်လိုင်းမှ ဝန်ထမ်းများအတွက် ၁၅ရက်စာသာပေးမည်ဟု ပြောဆိုသည့်အတွက် လုပ်ခလစာအပြည့်အ၀ ရရှိလိုခြင်းအပါအဝင် ရသင့်ရထိုက်သော ဖယ်ရီကားနှင့် အခြား ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
အလုပ်သမားအင်အင်အား ၃၀၀ခန့်ရှိသည့်အနက်မှ အလုပ်သမား ၂၂၀ ခန့်ကဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ပြီး ဒီဇင်ဘာ၁၄ရက်နေ့တွင် အလုပ်ရှင်၊အလုပ်သမားနှင့် တာဝန်ရှိသူများသုံးပွင့်ဆိုင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။