ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု နှစ်ပတ်လည်နေ့အတွက် NUG ဒု-ဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နှင့် မဇ္ဈိမ တွေ့ဆုံမေးမြန်းခြင်း

25 August 2021
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု နှစ်ပတ်လည်နေ့အတွက် NUG ဒု-ဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နှင့် မဇ္ဈိမ တွေ့ဆုံမေးမြန်းခြင်း

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်က နိုင်ငံမဲ့မွတ်ဆလင်လူနည်းစုဖြစ်ပြီး လူဦးရေ တသန်းလောက်ရှိမယ်လို့ မှန်းပါတယ်။
မြန်မာစစ်အုပ်စုက သူတို့ကို နိုင်ငံသားရယ်လို့အသိအမှတ်မပြုပါဘူး၊ တနည်းအားဖြင့်ပြောရရင် နိုင်ငံတွင်းက လူမျိုးစု ၁၃၅ မျိုးမှာမပါဝင်ပါဘူး။
ရိုဟင်ဂျာတွေဟာ သူတို့တစ်ဘဝလုံး မြန်မာပြည်မှာပဲကြီးပြင်းလာပေမဲ့ စစ်အုပ်စုက သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလာတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူတွေဖြစ်တယ်လို့ပဲသတ်မှတ်ထားပါတယ်။
သူတို့ရဲ့ရွှေ့ပြောင်းသွားလာမှုတွေကိုကန့်သတ်ခံထားရပြီး ပညာရေး အလုပ်အကိုင်အခွင့်အလမ်းနဲ့ သူတို့နေတဲ့နေရာတွေကနေအချိန်မရွေးဖယ်ရှားခြင်းခံနေရပါတယ်။
အခု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမာင်ဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရခြင်း အောက်မေ့ဖွယ်နေ့အတွက် Personal Statement ထုတ်လိုက်တာဟာ အင်မတန်မှထူးကဲတဲ့နိုင်ငံရေးတိုးတက်မှုဖြစ်နေပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမာင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly