မန္တလေး မဟာအောင်မြေမြို့နယ်မှာ ၂ ယောက်ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းမှား

25 August 2021
မန္တလေး မဟာအောင်မြေမြို့နယ်မှာ ၂ ယောက်ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းမှား

စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ပစ်သတ်သည်ဆိုသည့် သတင်းမှားတွေထွက်လေ့ရှိတာမှာ ယခုတစ်ကြိမ်မှာလည်း မန္တလေး မဟာအောင်မြေမြို့နယ်မှာ တပ်ကဝင်စီးပြီး လူနှစ်ယောက်ကိုပစ်သတ်လိုက်တယ်ဆိုတဲ့သတင်းမှားတစ်ခုဖြန့်နေတာကိုတွေ့ရပါတယ်။
  
သြဂုတ်လ ၂၂ ရက်နေ့က မန္တလေး မဟာအောင်မြေ မြို့နယ်၊လမ်း ၆၀၊ ၃၇၊၃၈ ကြား တိုက်ခန်းတစ်ခုကို စစ်တပ်က ဝင်စီးနင်းခဲ့ပြီး ပစ်ခဲ့တာလို့ Ei Nandar Aung ဆိုတဲ့ ဖေ့ဘုတ်စ်အကောင့်ကဖြန့်ချိခဲ့ပါတယ်။

အဲသလိုဖြန့်ချိရာမှာ လူနှစ်ယောက်လဲကျသေဆုံးနေတဲ့ပုံလည်းပါပြီး လဲနေသူတစ်ယောက်ကိုယ်ပေါ်မှာ သေနတ်တစ်လက်ကိုတင်ထားပါသေးတယ်။ 

ဒီသတင်းနဲ့ပတသက်ပြီး Mizzima က အခင်းဖြစ်ပွားတယ်ဆိုတဲ့နေရာနားက ပြည်သူတွေကိုစုံစမ်းမေးမြန်းရာမှာ  ရပ်ကွက်ထဲသို့ ဧည့်စာရင်းစစ်မည်ဟုဆိုကာ စစ်ကောင်စီတပ်သားများရောက်ရှိလာကြောင်း၊ အချိူ့ နေအိမ်တွေကိုတော့ တံခါးများ ချိူးဖျက်ခြင်းတွေပါ ပြုလုပ်ခဲ့တာတော့ဖြစ်ခဲ့တယ်လို့ အတည်ပြုပြောပါတယ်။ 
ဒါပေမဲ့ တစ်ယောက်ယောက်ကိုလိုက်ဖမ်းနေတဲ့ဟန် ငုတ်တုပ်ထိုင်အော်ဟစ်နေတဲ့ စစ်သားတွေကိုတွေ့ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly