ချင်းပြည်နယ် တီးတိန်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင်လုံခြုံရေးယူထားသော စစ်ကောင်စီရဲသားသုံးဦးကို သေနတ်သမားများကပစ်သတ်သွားမှု ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သည်။
“မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ ပစ်သွားကြတာ၊ အဲ့ဒီရဲတွေက ဘဏ်မှာလုံခြုံရေးယူနေကြတဲ့သူတွေ၊ လာပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့လာပစ်သွားတယ်လို့ကြားပါတယ်” ဟုတီးတိန်မြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ထိုပစ်ခတ်မှုအပြီး ထွက်ပေါ်လာသည့် ရုပ်သံဖိုင်တွင် ရဲသားနှစ်ဦးလမ်း၏ ဘယ်ဘက်တွင်လဲကျနေပြီး နောက်တစ်ဦးမှာ ဘဏ်ရှေ့တည့်တည့်တွင် လဲကျနေသည်ကို တွေ့ရသည်။