ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၀ သန်းထုတ်ရောင်း

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၀ သန်းထုတ်ရောင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၀ သန်းကို ယနေ့ (ဩဂုတ် ၂၃)တွင် ထုတ်ရောင်းခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ဈေးပြိုင် လေလံဈေးအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ကျပ် ၁,၆၆၀ ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများကို ထုတ်ရောင်းခဲ့သည်မှာ ခြောက်ကြိမ်‌ရှိပြီဖြစ်ပြီး ယခုအကြိမ်မှာ အများဆုံးပမာဏ ဖြစ်သည်။

ဗဟိုဘဏ်က ဖေဖော်ဝါရီလမှ ယနေ့ထိ အမေရိကန်ဒေါ်လာ စုစုပေါင်း ၇၇.၈ သန်းကို ရောင်းချခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly