စမ်းချောင်းတွင် ခေါက်ဆွဲဆိုင်ပိုင်ရှင် အပါအ၀င် ၅ ဦးကို စစ်ကောင်စီ အင်အားသုံးဖမ်းဆီး

စမ်းချောင်းတွင် ခေါက်ဆွဲဆိုင်ပိုင်ရှင် အပါအ၀င် ၅ ဦးကို စစ်ကောင်စီ အင်အားသုံးဖမ်းဆီး

ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းရှိ မိတ်ဆက်ခေါက်ဆွဲဆိုင်ပိုင်ရှင် လင်မယား နှစ်ဦး အပါအဝင် ငါးဦးကို ယနေ့ (ဩဂုတ် ၂၃ရက် ) ည ၉နာရီခန့်တွင် စစ်ကောင်စီတပ်များက ဖမ်းဆီးသွားသည်ဟု မြင်တွေ့လိုက်သည့် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

"ခေါက်ဆွဲဆိုင်ပိုင်ရှင် လင်မယားရယ်၊ နောက်ထပ် အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်ရယ် ၊ ခေါက်ဆွဲဆိုင်ပိုင်ရှင်ရဲ့ သမီးရယ် စုစုပေါင်းငါးယောက် ပါသွားတာ" ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။

ယနေ့ည ၈ နာရီ ၅၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟုလည်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly