ပေါ်လစီချ ဓားစာခံဖမ်းမှုနဲ့ အောက်ခြေက ငွေညှစ်မှု(ဆောင်းပါး)

23 August 2021
ပေါ်လစီချ ဓားစာခံဖမ်းမှုနဲ့ အောက်ခြေက ငွေညှစ်မှု(ဆောင်းပါး)

၁၉၈၈ အရေးအခင်းအပြီးမှာ စစ်အုပ်စုဟာ ဆန္ဒပြခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ပြည်တွင်းမှာ အခြေအတည် နိုင်အောင် နယ်စပ်ကို နည်းပေါင်းစုံနဲ့ တွန်းပို့ခဲ့ပါတယ်။ ထို့နည်းတူ ပြည်တွင်းမှာ ကျန်ခဲ့တဲ့သူတွေကို မရ ရအောင် ဖမ်းဆီးပြီး မိသားစုအခြေပျက်အောင်၊ စီးပွားရှာ ရပ်တည်လို့ မရအောင် နည်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့ပါတယ်။၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာလည်း မင်းအောင်လှိုင်ကို ခေါင်းဆောင်တင်ထားတဲ့ အာဏာငန်းဖမ်း စစ်အုပ်စုဟာ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွှန့် ခင်းသွားတဲ့လမ်းအတိုင်း ဆက်လျှောက်ပြီး မိသားစုတွေ ဘဝတွေကိုပါ ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ရှေ့လူတွေထက် ဆိုးတာကတော့ သူတို့ လိုချင်တဲ့သူကို မရရင် မိသားစုဝင်တွေကို ဓားစာခံဖမ်းဆီးပြီး လာအဖမ်းခံဖို့ ဖိအားပေး လုပ်ဆောင်တွေ ဆက်တိုက်လုပ်လာတာ ဖြစ်ပါတယ်။ရှေ့ပိုင်းကာလမှာ ဒီလိုမျိုး မိသားစုဝင်တွေ ကို ဓားစာခံဖမ်းပြီး လာအဖမ်းခံဖို့ လုပ်ဆောင်မှုကြောင့် ဒါဟာ အလုပ်ဖြစ်တယ်လို့ စစ်အုပ်စုက သတ်မှတ်လိုက်ကြတယ်လို့ ဆိုရမှာပါ။ ဒီ့နောက်ပိုင်း ဒီလိုမျိုး ဖမ်းဆီးမှုတွေကို ကြုံလို့၊ အဆင်ပြေလို့ လုပ်တာမျိုး မဟုတ်ဘဲ ပေါ်လစီတစ်ခု၊ မူဝါဒတစ်ခုချပြီးတော့ကို လုပ်ဆောင်လာတဲ့ သဘော ဖြစ်လာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly