စစ်ကောင်စီခန့် ရာအိမ်မှုးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ဟု ဗိဿနိုး PDFဆို

စစ်ကောင်စီခန့် ရာအိမ်မှုးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ဟု ဗိဿနိုး PDFဆို

ဩဂုတ် ၂၁

တောင်တွင်းကြီးမြို့နယ်၏ စစ်ကောင်စီ သတင်းပေးဟုဒေသခံများ သတ်မှတ်ထားသည့် ရာအိမ်မှုး ဦးဇော်လတ်သည်သြဂုတ် ၂၁ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

အဆိုပါ ပစ်ခတ်မှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

ဦးဇော်လတ်သည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရွှေအိုး( ၁ ) ရပ်ကွက်၏ ရာအိမ်မှူးဖြစ်သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကြေညာချက်တွင် ရွှေအိုး (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးဇော်လတ်၏

ဦးခေါင်းတွင် တစ်ချက်၊ ရင်ဘတ်တွင် နှစ်ချက် ကျည်ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေး ဒလန်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် နှီးနွယ်ဆက်စပ်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က သြဂုတ် ၂၁ ရက် ရက်စွဲဖြင့် ကြေညာလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly