ဆော်ဒီအာရေဗျတွင် အမျိုးသမီးတစ်ဦး ကောင်စီဝင်အဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခံရ

ဆော်ဒီအာရေဗျတွင် အမျိုးသမီးတစ်ဦး ကောင်စီဝင်အဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခံရ

ရီယာ့ဒ်၊ ဒီဇင်ဘာ ၁၃ ။             ။ ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများအား ရွေးကောက်ပွဲများ၌ ပါဝင်ခွင့် တားမြစ်ထားခြင်းကို ပယ်ဖျက်လိုက်ပြီးနောက် မြို့နယ်ကောင်စီဝင်အဖြစ် အမျိုးသမီးတစ်ဦး ပထမဆုံးအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

ဆယ်မာဟီဇက်အိုတီဘီက ဒီဇင်ဘာ ၁၂ ရက် ရွေးကောက်ပွဲတွင် မက္ကာပြည်နယ်တွင် အမတ်တစ်နေရာ အနိုင်ရခြင်းဖြစ်သည်။

ထိုပြင် ဂျက်ဒက်နှင့် ကာတစ်ဒေသများအပါအဝင် နိုင်ငံတွင်း အခြားဒေသများ၌လည်း အမျိုးသမီးအချို့ ရွေးကောက်ပွဲ အနိုင်ရကြောင်း သတင်းများတွင် ဖောြ်ပသည်။

ယခုကျင်းပသည့် ရွေးကောက်ပွဲသည် အမျိုးသမီးများအား ပထမဆုံးမဲပေးခွင့်ပြုခြင်းလည်းဖြစ်ပြီး ကိုယ်စားလှယ်အဖြစ်လည်း အမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုလိုက်သည့်   ရွေးကောက်ပွဲ   ဖြစ်သည်။ ရှေးရိုးစွဲဘုရင့်နိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင်တစ်ရပ်လည်းဖြစ်တော့သည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများအား ကားမောင်းခွင့်အပါအဝင် နေရာများစွာတွင် ပိတ်ပင်မှုများ ရင်ဆိုင်နေရဆဲဖြစ်သည်။

ရွေးကောက်ပွဲ၌ ကိုယ်စားလောင်းအဖြစ် အမျိုးသား ၅၉၃၈ ဦးနှင့် အပြိုင် အမျိုးသမီး ၉၇၈ ဦးက စာရင်းပေးဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက် ရွေးကောက်ပွဲ မဲပေးရာတွင် အမျိုးသမီး ၁၃၀၀၀၀ ခန့် မဲပေးကြပြီး နှိုင်းယှဉ်ပါက မဲပေးကြသည့် အမျိုးသားဦးရေမှာ ၁ ဒသမ ၃၅ သန်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly