စစ်သား ၃၅ ဦး လက်နက်များဖြင့် ထွက်ပြေးသည့် သတင်းများကို အကြမ်းဖက်စစ်ကောင်စီ ငြင်းဆို

စစ်သား ၃၅ ဦး လက်နက်များဖြင့် ထွက်ပြေးသည့် သတင်းများကို အကြမ်းဖက်စစ်ကောင်စီ ငြင်းဆို

ဩဂုတ် ၁၉

မဇ္ဈိမ အပါအဝင် ဒေသတွင်း သတင်းဌာနများ ရေးသားဖော်ပြခဲ့ကြသည့် သရက်မြို့ရှိ စစ်တပ်လက်နက်စက်ရုံ(ကပစ) အမှတ် (၁၂) မှာ စစ်ကောင်စီတပ်သား ၁၅ ဦး နှင့် ထားဝယ်အခြေစိုက် ခလရ ၂၅ မှာ တပ်သား ၂၅ ဦးတို့ဟာ လက်နက်အပြည့်အစုံများ ဖြင့် ထွက်ပြေးသွားသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း စစ်ကောင်စီက ငြင်းဆန်လိုက်သည်။

အဆိုပါ ဖြစ်စဉ် နှစ်ခု နှင့်ပတ်သက်ပြီးစစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနသတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို “ အကြမ်းဖက်သမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရမှု များနေပြီး ထွက်ပြေးတိမ်းရှောင်နေရတာတွေ များပြားနေသည့်အတွက် အကြမ်းဖက်သမားတွေ စိတ်ဓာတ် ပြန်တက်ကြွလာအောင် ဝါဒဖြန့် ထုတ်ပေးနေတဲ့သတင်းဌာန တွေပါ။ မကြာခဏ ဆိုသလို မဟုတ်မမှန်ရေးသားတာ ပြည်သူများ အနေဖြင့် အဆိုပါ သတင်းဌာနများကို မယုံကြဖို့ ပြောချင်ပါတယ် “ ဟု အာဏာသိမ်းစစ်တပ်၏ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူကဖြေကြားသည်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ရှိ စစ်တပ်လက်နက်စက်ရုံ (ကပစ) အမှတ် (၁၂) က စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း လက်နက်များကို ယူဆောင်ပြီး ဩဂုတ်လ ၁၇ ရက် ညပိုင်းက ထွက်ပြေးသွားကြောင်း ကို စက်ရုံနှင့်နီးစပ်သော ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စစ်အုပ်စုကိုဆန့်ကျင်သောအင်အားစုများကိုချေမှုန်းရန် ကပစ (၁၂) မှ စစ်သည် ၃၀ ကို စစ်ကူအဖြစ်ဆင့်ခေါ်ရာက ထွက်ပြေးသည်ဟု သတင်းရင်းမြစ်ကပြောသည်။

တပ်တွင်းအဖြစ်အပျက်များနှင့်ပတ်သက်ပြီး စစ်တပ်က လျှို့ဝှက်အဖြစ်ထားကာသတင်းအမှောင်ချလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required