PNO/PNAက စစ်ကောင်စီနှင့် ပူပေါင်းတိုက်ခိုက်နေခြင်းအပေါ် ပအိုဝ်းလူငယ်အဖွဲ့ ၁၁ ဖွဲ့ ကန့်ကွက်

PNO/PNAက စစ်ကောင်စီနှင့် ပူပေါင်းတိုက်ခိုက်နေခြင်းအပေါ် ပအိုဝ်းလူငယ်အဖွဲ့ ၁၁ ဖွဲ့ ကန့်ကွက်

ဩဂုတ် ၁၈

စစ်ကောင်စီဘက်က ကူညီတိုက်ခိုက်ပေးနေသည့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်းဖွဲ့စည်းထားသော ဌာနေပြည်သူ့စစ် (PNO/PNA) အဖွဲ့ကို ပအိုဝ်းလူငယ်အဖွဲ့ ၁၁ဖွဲ့က စုပေါင်းကာ ၎င်းတို့၏လုပ်ရပ်အား ကန့်ကွက်ဆန့်ကျင်သည့် စာကို ထုတ်ပြန်သည်။

“စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် လူထုနဲ့အတူ တော်လှန်ရမယ့် အချိန်ဖြစ်နေတာတောင် စစ်ကောင်စီကို တော်လှန်ခြင်းမရှိဘဲ လူထုကာကွယ်ရေးတပ် PDF / KNDF တွေကို နယ်မြေကျူးကျော်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်ကောင်စီကို သွားပူးပေါင်းပြီး ထိုးစစ်ဆင်နေတာတွေကို ကန့်ကွက်တယ်“ဟု ပအိုဝ်းလူငယ်များ အဖွဲ့ ကဆိုသည်။

လက်ရှိအချိန်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA) ၊ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ (PDF) တို့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ကရင်နီပြည်နယ် ၊ ရှမ်းကယား နယ်စပ်တွင်တိုက်ပွဲများ ဖြစ်ပေါ်နေချိန်၌ PNO က အကြမ်းဖက်စစ်‌ေကာင်စီဘက်က ကူညီတိုက်ခိုက်နေကြောင်း ဒေသခံ ကာကွယ်ရေးတပ်တွေကဆိုသည်။

နည်းလမ်းမျိုးစုံအသုံးပြုကာ အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် (PNO/PNA ) ၏ လုပ်ဆောင်ချက်သည် ပအိုဝ်းတစ်မျိုးသားလုံးနှင့် မသက်ဆိုင်ကြောင်းကို ပြည်တွင်းပြည်ပ ပအိုဝ်း လူငယ်အဖွဲ့အစည်းများက သြဂုတ် ၁၈ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။

အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် နည်းလမ်းမျိုးစုံ ပံ့ပိုးကူညီနေသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ၊ အသွင်ပြောင်းဌာနေပြည်သူ့စစ် (PNO/PNA ) ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပအိုဝ်းလူငယ် ၁၁ ဖွဲ့က ၎င်းတို့၏ သဘောထားကို ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required