ကျူးဘားမှာ ဆိုင်ဘာလုံခြုံရေးဥပဒေသစ် စတင်ပြဋ္ဌာန်း 

ကျူးဘားမှာ ဆိုင်ဘာလုံခြုံရေးဥပဒေသစ် စတင်ပြဋ္ဌာန်း 

ဩဂုတ် ၁၈

ကျူးဘားနိုင်ငံဟာ နိုင်ငံရဲ့ ပထမဆုံး ဆိုင်ဘာလုံခြုံရေးဥပဒေကို အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာလာခဲ့တာကြောင့် ဒီ လုပ်ဆောင်ချက်ဟာ ကာရီဘီယံကျွန်းနိုင်ငံမှာ နိုင်ငံရေးနဲ့ အရပ်သား လွတ်လပ်ခွင့်တွေကို ကန့်သတ်တဲ့ လက်နက်တစ်ခုပဲဆိုပြီး ဝေဖန်သူတွေက ဆိုကြပါတယ်။ 

တစ်နိုင်ငံလုံးမှာ မကြုံစဖူး အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မကြုံစဖူး ဖြစ်ပွားပေါ်ပေါက်ခဲ့ပြီး တစ်လကျော်အကြာမှာ အခု ဥပဒေကို နိုင်ငံပိုင် Gaceta သတင်းစာကနေ ထုတ်ပြန်ကြေညာလာတာပါ။ 

အဲဒီတုန်းက ဆန္ဒပြပွဲတွေကို အစိုးရရဲ့ ဖြိုခွင်းမှုရာ လူတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်များစွာရှိခဲ့ကာ ရာပေါင်းများစွာကိုလည်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီ မငြိမ်မသက်မှုတွေ ဖြစ်ပွားရတာက ပြည်ပအင်အားစုတွေကနေပြီး လူမှုမီဒီယာတွေကနေ ပြည်သူတွေကို ကြိုးကိုင်ခြယ်လှယ်နေတာကြောင့်ဖြစ်တယ်လို့ ကျူးဘားအစိုးရက အပြစ်ဆိုပါတယ်။ 

အခု ဥပဒေအရ အွန်လိုင်းလှုပ်ရှားမှုတွေကို လွှမ်းခြုံမှာဖြစ်ပြီး ဆိုင်ဘာအကြမ်းဖက်မှု၊ ဆိုင်ဘာစစ်ပွဲ၊ အများပြည်သူ ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှုတွေအပြင် နိုင်ငံတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတာ၊ ဝါဒဖြန့်တာမျိုးလို့ ယူဆရတဲ့ သတင်းအချက်အလက် ဖြန့်ဝေတာမျိုးလို အွန်လိုင်းလှုပ်ရှားမှုတွေကို ရာဇဝတ်မှုအဖြစ် အရေးယူမှာ ဖြစ်ပါတယ်။ 

“ပထမဆုံးအဖြစ် နိုင်ငံအနေနဲ့ ဆိုင်ဘာလုံခြုံရေး မတော်တဆဖြစ်ရပ်တွေအတွက် တရားရေးစံတစ်ရပ် ရရှိတော့မှာ ဖြစ်ပါတယ်”လို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုင်ဘာလုံခြုံရေး ညွှန်ကြားရေးမှူး ပါဘလိုက နိုင်ငံပိုင် Cubadebate သတင်းဝက်ဘ်ဆိုက်ကို ပြောပါတယ်။ 

ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဂွန်ဇယ်လက်ဇ်က အခု ဥပဒေကို ခုခံကာကွယ်ပြီး ဒီ ဥပဒေနဲ့ ကျူးဘားပြည်သူတွေကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်ကို ကာကွယ်ပေးနိုင်သွားမှာ ဖြစ်ပါတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။ 

အမှန်တရားကို ဘယ်သူမှ ပုံမှားရိုက်နိုင်တော့မှာ မဟုတ်တာကြောင့် မိမိတို့ နိုင်ငံ၊ မိမိတို့ တော်လှန်ရေးက တာဝန်ရှိသူတစ်ဦးဦးကို အပုပ်ချနိုင်တော့မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ 

လူ့အခွင့်အရေး စောင့်ကြည့်ရေး HRW က အမေရိကန် ညွှန်ကြားရေးမှူး ဗီဗန်ကိုကတော့ ဒီ ဥပဒေအရ အစိုးရရဲ့ သတင်းတုဆိုပြီး အကဲဖြတ်တာကို အခြေခံပြီး အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေက ဖြတ်တောက်မှုတွေ လုပ်လာရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျူးဘားဟာ အင်တာနက်ပေါ်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်နေပြီ”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly