ပါရီ၊ ဒီဇင်ဘာ ၁၃ ။ ။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် ရာသီဥတုဆိုင် အစည်းအဝေး၌ ရရှိခဲ့သည့် သဘောတူညီမှုသည် "ကျွန်တော်တို့ ပိုင်ဆိုင်ရာ တစ်ခုတည်းသော ကမ္ဘာဂြိုဟ် ဘေးကင်းရေးအတွက် အကောင်းဆုံးသော အခွင့်အလမ်း"ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ချီးမွှမ်းပြောသည်။
ကာဗွန်အထွက်နည်းသော အနာဂတ်ဖြစ်လာရေး စိန်ခေါ်မှုများကို ယခုသဘောတူညီမှုအားဖြင့် ဖြေရှင်းနိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ကာဗွန်ထွက်ရှိရာ တရုတ်နိုင်ငံကလည်း အဆိုပါ သဘောတူညီမှုကို ကြိုဆိုဂုဏ်ပြုသည်။ သို့သော် ယခုသဘောတူမှုက ကမ္ဘာဂြိုဟ်ကာကွယ်ရေးအတွက် လုံလောက်မှု ရှိမည် မဟုတ်ကြောင် အချို့သော တက်ကြွလှုပ်ရှားသူများက ပြောသည်။
ပါရီသဘောတူညီမှုက ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချရေး ရည်ရွယ်ခြင်းဖြစ်သည်။
အဆိုပါ ပါရီ အစည်းအဝေးသို့ နိုင်ငံပေါင်း ၂၀၀ နီးပါးတက်ရောက်ခဲ့ကာ သီတင်းနှစ်ပတ်နီးပါးကြာ အကျိတ်အနယ်ဆွေးနွေးညှိနှုင်းခဲ့ကြပြီးနောက် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး နိုင်ငံအားလုံး ပါဝင်သည့် ပထမဆုံး သဘောတူညီမှုကို ဖော်ဆောင်လိုက်နိုင်ခြင်းဖြစ်သည်။