ထီးချိုင့် တရုတ်ပိုင်နီကယ်စက်ရုံမှ ၀န်ထမ်း ၂ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ထီးချိုင့် တရုတ်ပိုင်နီကယ်စက်ရုံမှ ၀န်ထမ်း ၂ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံမှ ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံများအပြောအရသိရသည်။

တရုတ်အစိုးရက ရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံသည် မြန်မာနိုင်ငံတွင် အကြီးဆုံးနီကယ်ထုတ်လုပ်ရေးစီးမံကိန်းဖြစ်ပြီး လက်ရှိတွင်လည်း စက်ရုံလည်ပတ်နေဆဲ ဖြစ်သည်။

နီကယ်စက်ရုံမှ ဝန်ထမ်းအမျိုးသားနှစ်ဦးသည် ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနှင့် မြတောင်ရွာကြား ကန်သာယာရွာလမ်းမ​ပေါ်တွင် ယနေ့ည ၇နာရီခန့်က ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့် အပစ်ခံရခြင်း ဖြစ်သည်။

သေနတ်ပစ်ခံရသူနှစ်ဦး သေဆုံးကြောင်း သတင်းထွက်နေသလို တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးနိုင်ခဲ့သည်ဟုလည်း ကြားသိရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်အထိ သေနတ်ပစ်ခတ်ခဲ့သည့် အဖွဲ့အစည်းနှင့် မည်သူဖြစ်သူကို မသိရှိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly