ကနီနယ်တွင် စစ်ကောင်စီတပ်သားက ပြည်သူကို ရိုက်မှုဖြစ်ပွား

ကနီနယ်တွင် စစ်ကောင်စီတပ်သားက ပြည်သူကို ရိုက်မှုဖြစ်ပွား

သြဂုတ် ၁၄ ရက်၊ ၂၀၂၁ ခုနှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုဌောကျေးရွာတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်မွှေနှောက်ပြီး ဒေသခံပြည်သူ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးကို ရိုက်နှက်မှု ဒီကနေ့ ဩဂုတ်လ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည်။

“ယနေ့နံနက်ပိုင်းက အသက် ၄၀ ခန့် အရွယ်ရှိ အမျိုးသား တစ်ဦးကို မုဌော(န) ရွာတွင် တပ်ဆွဲထားသော စစ်ကောင် စီ၏ တပ်မှ ဖမ်းဆီးရိုက်နှက်စစ်ဆေး ခဲ့ရာ ဦးခေါင်း၊ လက် နှင့် ရင်ဘတ်တွင် ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရွာမှ ဆိုင်ကယ်(၅)စီးကို ယူဆောင်သွားခဲ့ကြပြီး နေအိမ်တစ်အိမ်မှ အဲကွန်းတစ်လုံးကို ဖျက်ဆီးသွားခဲ့ တယ်လို့ စုံစမ်းသိရှိရပါတယ်” ဒေသခံသတင်းရင်းမြစ်တစ်ခုကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် လူဦးရေ ၂၀၀၀ ခန့်ရှိသည့် မုဌောရွာတွင်တပ်စွဲစဉ် ကျေးရွာမှ နွားတစ်ကောင်ကို သတ်စားကာ ပိုသည့်အသားများကို ပြန်လည်ရောင်းချခြင်းများပြုလုပ်သွားသည်ဟု ဒေသခံကဆိုသည်။

ကနီမြို့ အ.ထ.က ကျောင်းနှင့် မုဌော(န)ရွာတွင် တပ်ဆွဲ ထားသော စစ်ကောင်စီ၏တပ်များ ကနီ-ချောင်းမလမ်း အတိုင်း ချောင်းမရွာသို့ ရွေ့လျားကာ ကနီ အ.မ.က ၃ မူလွန် ကျောင်းတွင် စစ်ကောင်စီ တပ် တစ်ချို့ရှိနေဆဲဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ကနီနယ်က တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာဆိုတော့ သူတို့ကတွေ့တဲ့ရွာ တပ်စွဲတာပဲ” ဟု စစ်ကောင်စီတပ်များ ကနီနယ်အတွင်းကျေးရွာများတွင် တပ်စွဲကြပုံကို ဆိုသည်။

အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတဝှန်း လက်နက်ကိုင်တော်လှန်ရာတွင် စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်ပေါင်း ၉၂ ခုဖြစ်ပွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀၂ ဦးသေဆုံးကာ ပြည်သူဘက်မှ ၂၀ ဦးကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly