ဟောင်ကောင်သားများအတွက် ရည်ရွယ်သည့် ဗြိတိန်အထူးဗီဇာကို တရုတ်သူလျှိုများ လျှောက်ထား

By Express News
13 August 2021
ဟောင်ကောင်သားများအတွက် ရည်ရွယ်သည့် ဗြိတိန်အထူးဗီဇာကို တရုတ်သူလျှိုများ လျှောက်ထား

ဟောင်ကောင်သားများအတွက် ရည်ရွယ်သည့် ဗြိတိန်အထူးဗီဇာကို ဒုက္ခသည်များအဖြစ် ဟန်ဆောင် ထားသည့် တရုတ်သူလျှိုများဖြစ်လာနိုင်သည့် သတင်းပေးများက လျှောက်ထားအသုံးချနေသည်ဟု အစီရင်ခံစာက ဆိုသည်။

တရုတ်သတင်းပေးများသည် ဗြိတိန်အမျိုးသား (ပြည်ပ) ဗီဇာအတွက် လျှောက်ထားခဲ့သည်ဟု အစိုးရသတင်းရင်းမြစ်များက ဆိုသည်။ သတင်းပေးများသည် အနာဂတ်တွင် အလားအလာရှိသောသူလျှိုအဖြစ် နိုင်ငံတစ်နိုင်ငံအတွင်း စိမ့်ဝင်နေသောအေးဂျင့်များဖြစ်သည်။

“ ဗီဇာလျှောက်ထားမှုအတွက် တင်းကြပ်တဲ့နောက် ခံစစ်ဆေးမှုတွေရှိတယ်။ သူတို့က အကြောင်းတစ်ခုကြောင့်နေရာယူထားကြပါတယ်” ဟု သတင်းရင်းမြစ်က the Times သို့ ပြောကြားခဲ့သည်။

“" ဗြိတိန်အမျိုးသား (ပြည်ပ) ဗီဇာအစီအစဉ်အတွက် စစ်ဆေးခြင်းလုပ်ငန်းစဉ်ဟာ အခြား နိုင်ငံများထက်ပိုမို စေ့စပ်သေချာတယ် "

ဟောင်ကောင်၏ နောက်ဆုံးအုပ်ချုပ်ရေးမှူး လော့ပက်တန်အော့်ဖ် ဘာနက်စ်က တရုတ်သတင်းပေးများ ဗြိတိန်သို့ စိမ့်ဝင်အောင်ကြိုးစားမည့်အလားအလာနှင့် ပတ်သက်၍ သတိပေးခဲ့သည်။

“ သတင်းပေးတွေကို အသုံးချတဲ့ အာဏာရှင်နိုင်ငံတစ်ခုနဲ့ ကျွန်တော်တို့က ဆက်ဆံနေရတာပါ” ဟု သူက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ၎င်းတို့ကပင် တရားမျှတသလိုနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများမှ လုံခြုံရေး လျှို့ဝှက်ချက်များခိုးယူမည့်သူများဖြစ်သော သတင်းပေးများနှင့် လူများကို နေရာချရန် ကြိုးပမ်းနေသည်ကို လူများကြောက်ရွံ့နေကြသည်။

တရုတ်အစိုးရနှင့် ဗြိတိန် အကြား ဆက်ဆံရေးတင်မားနေချိန်တွင် ဗြိတိန်ခရီးသွားလာရေးဆိုင်ရာ စာရွက် စာတမ်းများကို ငြင်းပယ်ရန် နိုင်ငံခြား ကောင်စစ်ဝန်ရုံးများအား ၂၀၂၁ခုနှစ်အစောပိုင်းတွင် ဟောင်ကောင်ကို အုပ်ချုပ်သည့် တရုတ်က ပြောကြားခဲ့သည်။

ဟောင်ကောင်အစိုးရမှစာတစ်စောင်တွင် ၂၀၂၁ခုနှစ်ဇန်နဝါရီလမှစ၍ အတည်ပြုထားသော စာရွက်စာတမ်း အဖြစ် ဗြိတိန်အမျိုးသား (ပြည်ပ)(BNO) နိုင်ငံကူးလက်မှတ်ကို လက်ခံတော့မည်မဟုတ်ကြောင်း နိုင်ငံခြားကောင်စစ်ဝန်ရုံးများသို့ အကြောင်းကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly