တရုတ်စစ်အခြေစိုက်စခန်းထားခွင့်မပေးရန် အရှေ့အလယ်ပိုင်းမဟာမိတ်များကို အမေရိကန် သတိပေး

By Washington Examiner
12 August 2021
တရုတ်စစ်အခြေစိုက်စခန်းထားခွင့်မပေးရန် အရှေ့အလယ်ပိုင်းမဟာမိတ်များကို အမေရိကန် သတိပေး

တရုတ်အစိုးရနှင့် ပူးပေါင်းခြင်းသည် အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ထိခိုက် စေမည် ဖြစ်ကြောင်း ဒေသတွင်း အင်အားကြီးနိုင်ငံများအား သတိပေးခြင်းဖြင့် သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရက အရှေ့အလယ်ပိုင်း၌ စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် တရုတ်၏ ကြိုးပမ်းမှုများကို ပိတ်ပင်ရန်ကြိုးစားလျှက်ရှိသည်။

“တရုတ်နဲ့ အတူနေလို့မဖြစ်ပေမယ့် အတူပူးပေါင်းလုပ်ဆောင်လို့ရမယ့် အပိုင်းတွေရှိပါတယ်။ ပြီးတော့ ဒါကိုရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ" ဟု နိုင်ငံရေးနှင့် စစ်ရေးရေးရာဗျူရိုမှ ဒု-လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မီရာရက်စ်နစ်က အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေး ကော်မတီခွဲသို့ ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းအစိုးရများ သည် ဝိရောဓိသဘောဆန်သည့် သဘောဖြစ်သည့် တရုတ်နှင့် လက်နက်အရောင်းအဝယ်ကိစ္စ ဆွေးနွေးနေပြီး အမေရိကန်၏ လုံခြုံရေးအရိပ်အာဝါသကို ခိုလှုံလျက် ဆက်ဆံရေးထိန်းသိမ်းထားရန် မျှော်လင့်နေကြောင်းကို ကြားနာမှုကို ဦးဆောင်သော ကွန်နက်တီကက်ဒီမိုကရက်အမတ် ခရစ်မာဖီက အလေးထားပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနှင့် အခြားနိုင်ငံများအား အမေရိကန်၏ လက်နက်များရောင်းချမှုကို အကြောင်းပြ၍ တရုတ်က ဒေသတွင်းတွင် လက်နက်ရောင်းချလိုသည့် ဆန္ဒကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုးကားပြောဆိုခဲ့ပြီး၊ အမေရိကန်နှင့် လုံခြုံရေးဆက်ဆံရေးကြောင့် အမေရိကန်အစိုးရအနေဖြင့် သြဇာလွှမ်းမိုးနိုင်သည့် အတိုင်းအတာကို သြဂုတ်လ ၁၀ရက် ကြားနာမှုက အလေးထားပြသခဲ့သည်။

“ လက်ရှိအကဲဖြတ်ချက်အရ တရုတ်က အရှေ့အလယ်ပိုင်းအပါအဝင် နေရာအနှံ့မှာ စစ်အခြေစိုက်စခန်းတွေ ထားရှိဖို့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာရှိပါတယ်” ဟု အရှေ့အလယ်ပိုင်း ဒု-လက်ထောက်ကာကွယ်ရေးဝန်ကြီး ဒါနာ စတိုက ကြားနာမှုတွင် ပြောကြားခဲ့သည်။

“ ဒါကြောင့် ကျွန်တော်တို့နဲ့ နက်ရှိုင်းတဲ့ပူးပေါင်းမှုရှိတဲ့ ဘယ်နိုင်ငံမဆို၊ တရုတ်ကို အခြေစိုက် စခန်းဖွင့်ခွင့် ပေးလိုက်ရင် အမေရိကန်ကာကွယ်ရေးနည်းပညာ၊ အမေရိကန်တပ်ဖွဲ့တွေကို အန္တရာယ်ရှိလာနိုင်တယ် ဆိုတာကို ပြောပြထားပါတယ် ”

“တရုတ်အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)လိုနိုင်ငံမျိုးမှာ အခြေစိုက်စခန်းတစ်ခု တည်ဆောက်မယ် ဆိုရင် ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကာကွယ်ရေးပစ္စည်းအချို့ကို သူတို့က ရသွားမှာလား ” ဟု ကွန်နက် တီကက်ဒီမိုကရက်အမတ် ခရစ်မာဖီက မေးခွန်းထုတ်ခဲ့သည်။

နောက်ဆုံးပေါ် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များအား ယူအေအီးနိုင်ငံသို့ ရောင်းချမည့် ထရမ့်၏ နောက်ဆုံးနှင့် အထူးခြားဆုံး လက်နက်ရောင်းဝယ်မှုသဘောတူညီချက်များ၏ ကံကြမ္မာကို ဘိုင်ဒင်အစိုးရ အဖွဲ့သည် စဉ်းစားနေကြောင်း ထိုသတိပေးချက်များက ဖော်ပြနေသည်။

ကြားနာမှုတွင် အင်ဒီယားနားမှ ထိပ်တန်းရီပတ်ဘလစ်ကင် လွှတ်တော်အမတ် တော့ဂ်ယန်းက ပင်တဂွန်စစ်ဌာနချုပ်နှင့် ယူအေအီးတို့အကြား ပြောဆိုမှုများနှင့် ပတ်သက်၍ ပိုမိုတိကျသော တုန့်ပြန်မှုတစ်ခုကို ကြိုးပမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly