စစ်ဝါဒီတွေ ရှိနေသရွေ့ နေ့ရက်တိုင်းဟာ D-Day ပဲ... (ဆောင်းပါး)

12 August 2021
စစ်ဝါဒီတွေ ရှိနေသရွေ့ နေ့ရက်တိုင်းဟာ D-Day ပဲ... (ဆောင်းပါး)

စစ်အုပ်စုက နောက်ထပ် နှစ်နှစ် အုပ်ချုပ်မယ်၊ ခြောက်လနေရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားသလို တားဆီးမှုမှန်သမျှကို ချေမှုန်းမယ်လို့ သြဂုတ်လ ၁ ရက်က D-Day ခေါ် စစ်ကြေညာထားပြီ ဖြစ်ပါတယ်။ နိုင်ငံကို လက်နက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ဝါဒီအုပ်စုတွေကို အမြစ်ပြုတ်သည်အထိ ဆန့်ကျင်တော်လှန်ရေးဆိုတဲ့ အပြောင်းအလဲ အတွက် D-Day ဆိုတာ နွေဦးတော်လှန်ရေးနဲ့အတူ ခေါ်ထားပြီးသား ဖြစ်တယ်။ ဒီကနေ့ ပြည်တွင်းမှာ ခေတ်မီလက်နက်ကိုင်ထားတဲ့ စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူတွေဟာ D-Day ခေါ်ထားလို့ မဟုတ်ဘူးဆိုတာကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍက မိန့်မိန့်ကြီး ထိုင်နေသူတွေ သိထားဖို့ လိုအပ်နေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly