ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင် ကိုဗစ်ရောဂါကြောင့်ကွယ်လွန်

ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင် ကိုဗစ်ရောဂါကြောင့်ကွယ်လွန်

ဩဂုတ် ၁၁

ဧရာဝတီတိုင်း၊ဝါးခယ်မမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်သည် သြဂုတ် ၁၀ ရက် ညပိုင်းက COVID-19 ရောဂါဖြင့် အင်းစိန်ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။

ဦး‌ေဌး‌ေအာင်သည် COVID-19ရောဂါ ကူးစက်ခံခဲ့ရခြင်းကြောင့် အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေခဲ့ခြင်းဖြစ်သည်။

၎င်းမှာရောဂါအခံရှိထားသူဖြစ်‌‌ေကြာင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

"သူက ဝါးခယ်မကဆိုပေမဲ့ ရန်ကုန်မှာပဲအနေများတယ်၊ဦးဌေးအောင်က အသက် ၆၉ နှစ်လောက်ရှိပြီ၊ကိုဗစ်ဖြစ်လို့ အင်းစိန်ဆေးရုံမှာ ဆေးကုသနေရင်းကပဲ ဆုံးသွားတာပါ''လို့ ၎င်းက ဆက်လက်ပြောသည်။

ဝါးခယ်မမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရံဗဟိုကော်မတီအဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ (အဖွဲ့ဝင်)၊ တိုင်းဒေသကြီးတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌအဖြစ် တာဝန်များကိုထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly