မန္တလေးမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား၊အာဏာသိမ်း အကြမ်းဖက် လက်နက်ကိုင် ၁ ဦးသေဆုံး

မန္တလေးမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား၊အာဏာသိမ်း အကြမ်းဖက် လက်နက်ကိုင် ၁ ဦးသေဆုံး
ပုံစာ-ပြီးခဲ့တဲ့ လပိုင်းက အာဏာသိမ်း အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ အရပ်ဝတ်တွေနဲ့ မန္တလေးမြို့မှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ဩဂုတ်-၁၁

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်(ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူထားတဲ့ အာဏာသိမ်း လက်နက်ကိုင်အဖွဲ့ကို ဩဂုတ် ၁၁ရက်၊မနက် ၆နာရီခန့် ဆိုင်ကယ်တစ်စီး လူနှစ်ဦးက လာရောက်ပစ်ခတ်ခဲ့ရာ အာဏာသိမ်း အကြမ်းဖက် လက်နက်ကိုင် တစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်။

"အပြန်အလှန်ကို ပစ်ကြတာဗျ။သိပ်တော့ မကြာဘူး။စစ်သားတစ်ကောင် သေတယ်။လူနာတင်ယာဉ် တင်သွားပြီး။ဒဏ်ရာ ရသူလည်း ရှိနိုင်တယ်။"လို့ ပစ်ခတ်မှုအနီးပတ်ဝန်းကျင်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အာဏာသိမ်း လက်နက်ကိုင်အဖွဲ့တွေ အင်အား အလုံးအရင်းနဲ့ရောက်လာပြီး အနီးအနားမှာ ပတ်ရမ်းနေတယ်လို့သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly