ဇီဝလက်နက်နဲ့ လူသတ်ပြီး ဗြောင်လိမ်တဲ့ စစ်အုပ်စု (ဆောင်းပါး)

09 August 2021
ဇီဝလက်နက်နဲ့ လူသတ်ပြီး ဗြောင်လိမ်တဲ့ စစ်အုပ်စု (ဆောင်းပါး)

ကိုဗစ်အကြောင်းပြပြီး စစ်အုပ်စုဘက်က လက်နက်နဲ့ အာဏာသုံးပြီး လူမှုကုသရေးလုပ်ငန်း လုပ်ဆောင်နေသူတွေကို ဖိအားပေးတာ၊ ဆေးဝါးလိုအပ်ချိန်မှာ ဆေးဆိုင်တွေကို တစ်ဖက်သက်ပိတ်ခိုင်းတာတွေကို ဆက်တိုက်လုပ်တဲ့အပြင် ပြင်ပက အောက်ဆီဂျင် လိုအပ်သူတွေကို အောက်ဆီဂျင်မရအောင် လုပ်ငန်းရှင်တွေကို ဖိအားပေးတာတွေကို ဆက်တိုက်လုပ်ခဲ့ပါတယ်။ အောက်ဆီဂျင်အိုး လိုချင်ရင် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးရုံးတွေက ထောက်ခံစာပါရမယ်ဆိုတဲ့ မတရားတဲ့ အမိန့်ညွှန်ကြားချက်တွေကြောင့် တချို့ ကူညီရေးအဖွဲ့တွေ ရပ်ဆိုင်းကုန်တဲ့အထိ ဖြစ်ကုန်ပါတယ်။ 
ကိုဗစ်ကြောင့် အကူအညီ လိုအပ်နေသူတွေကို လိုက်လံကူညီနေတဲ့သူတွေကို ကူညီလို့ မရအောင် ဟန့်တာနှောင့်ယှက်တာ၊ အကူအညီလိုလို့ အလံဖြူ၊ အလံဝါ ထောင်သူတွေကို မထောင်ဖို့ ဖိအားပေးတာတွေကို စစ်အုပ်စု အလိုတော်ရိ၊ ခိုင်းဘက်တွေက အောက်ခြေမှာ လုပ်တာတွေကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးရမှုတွေ ပိုတိုးလာခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly