ဧရာဝတီမြစ်အတွင်းမှာ ဆန္ဒပြတဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ် တပ်ပေါင်းစု

08 August 2021
ဧရာဝတီမြစ်အတွင်းမှာ ဆန္ဒပြတဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ် တပ်ပေါင်းစု

မဇ္ဈိမ၊ဩဂုတ်-၈
မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ဧရာဝတီမြစ်အတွင်းမှာ ဩဂုတ် ၈ရက်၊မနက်ပိုင်းက ၃၃နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ်အနေနဲ့ "မပြီးဆုံးသေးတဲ့ ရှစ်လေးလုံးလူထုလွတ်မြောက်ရေး ဒို့တူရုန်း" စာတန်းနဲ့အတူ  "ငါတို့ဧရာဝတီငါတို့ပိုင်တယ်""ဖက်ဆစ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ် တပ်ပေါင်းစုကဦးဆောင်ပြီးဧရာဝတီတော်လှန်ရေးသပိတ်စစ်ကြောင်း၊ စက် မှုစုပေါင်းသပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်တို့ပူးပေါင်းကာ ဧရာဝတီမြစ်ရိုးတလျှောက် မှာဆန္ဒပြခဲ့ကြ
တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly